
ဖက်ရှင်ရှိုးတောင် တက်လျှောက်လို့ရတဲ့ သခင်ချုပ်ပေးထားတဲ့ limited edition အဝတ်အစားတွေနဲ့ ဂေါ်ထွက်နေခဲ့တဲ့ ခွေးလေး
လတ်တလောကမှ နာမည်ကြီး လူသိများနေတဲ့ဗီဒီယိုမှာ ကနေဒါနိုင်ငံ Montreal မြို့ရှိ Sofia Vergara အမည်ရှိတဲ့အမျိုးသမီးက ၂၀၂၀ ခုနှစ်မှာ ဝတ်ဆင်နိုင်ဖို့ ဝယ်ယူထားခဲ့ပြီး မဝတ်လိုက်ရတဲ့အဝတ်အစားတွေကို Tika လို့ခေါ်တဲ့သူမခွေးလေးအတွက် limited edition အဖြစ် ပြန်ချုပ်ပေးပြီး ခွေးလေးကို မော်ဒယ်လုပ်စေခဲ့ပါတယ်။
Sofia က onlineမှာ လူတိုင်းရိုက်ကူးနေတဲ့ #LoveItCouldntWearIt ဆိုတဲ့ hashtag ကို သူမရဲ့ကိုယ်ပိုင် version အဖြစ် Tika ကို အဝတ်ဝတ်ခိုင်းရင်း ဗီဒီယိုရိုက်ကူးခဲ့တာပါ။အဝါရောင် အားကစားဝတ်စုံ နှင့် စက်ဖြင့်သိုးမွေးထိုးထားတဲ့ ဇော်ဂျီရောင်ချည်ထည်ဝတ်ဆင်ထားတဲ့ Tika ရဲ့ အဆိုပါ ဗီဒီယိုဟာ Tik Tok မှာ Likes 25 million ကျော်အထိရရှိခဲ့ပါတယ်။
ခွေးလေး ပုံစံကလည်း မျက်လုံးပြူးပြူး ဝိုင်းဝိုင်း ပိန်ပိန်ရှည်ရှည်လေးနဲ့ သခင်လုပ်ခိုင်းသလို လုပ်နေတော့ ချစ်ဖို့ကောင်းလို့ သူ့ရဲ့ဗီဒီယိုက လူကြည့်များသွားပုံပါဘဲလေ။ဒီတော့ ဖက်ရှင်ရှိုးတောင် တက်လျှောက်လို့ရတဲ့ Tikaရဲ့အလန်းစားဝတ်စုံတွေကို ဆက်လက်ကြည့်ရှုလိုက်ကြပါအုံးနော် ။
#5
#6
#7
#8
#9
Leave a Reply