
ပြင်လို့လုံးဝမရတော့တဲ့ စက်ဘီးအဟောင်းအတွက် အကူအညီလိုက်တောင်းနေခဲ့တဲ့ ကလေးငယ်ရဲ့အဖြစ်
ခေတ်ကာလအရ ပစ္စည်းကောင်းတွေ အသုံးပြုနိုင်ဖို့ဆိုရင် ငွေကြေးသက်နိုင်တဲ့သူဖြစ်ဖို့လိုပါတယ် ။ ဒါကြောင့် သာမာန်ပစ္စည်းလေးတစ်ခုကိုတောင် ပိုင်ဆိုင်နိုင်ဖို့ ငွေကြေးအရ အခက်အခဲဖြစ်နေသူတွေ အများကြီးရှိနေကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့စက်ဘီးအဟောင်းလေးကို ပြုပြင်ပေးမဲ့ဆိုင်လေးကို လိုက်လံရှာဖွေနေခဲ့ပါတယ် ။ ကောင်လေးရဲ့စက်ဘီးဟာ အတော်လေး ဟောင်းနွမ်းနေပြီး လက်ကိုင်တန်းကလည်း မရှိတော့သလို ၊ ဖင်ထိုင်ခုံကလည်း ထိုင်လို့မရတော့လောက်အောင်ကို စုတ်ပြတ်နေခဲ့တာပါ ။ အဆိုပါစက်ဘီးဟာ စီးနေရင်းနဲ့တောင် အန္တရာယ်ဖြစ်စေနိုင်လောက်တဲ့အထိ ဟောင်းနွမ်းနေတာပါ ။
သို့ပေမဲ့ကောင်လေးဟာ စက်ဘီးပြင်ဖို့ ငွေကြေးမရှိလို့ ၊ စက်ဘီဆိုင်တွေဆီမှာ သူ့စက်ဘီလေးကို ကြည့်ပေးကြဖို့ လိုက်လံအကူအညီတောင်းနေခဲ့တာပါ ။ နောက်ဆုံးမှ Romeo Sacrez အမည်ရှိတဲ့ အလုပ်သမားတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး Romeo နဲ့ သူငယ်ချင်းတွေက ကောင်လေးရဲ့ စက်ဘီးထိုင်ခုံလေးကို ထိုင်လို့ရအောင် ပြုပြင်ပေးခဲ့ပါတယ် ။
ဆက်ပြီးကောင်လေးရဲ့ စက်ဘီးလက်ကိုင်တန်းကိုကြည့်နေစဉ် ဆိုင်ရှင်ကရောက်လာပြီး ကောင်လေးကိုစက်ဘီးအသစ်တစ်စီးပေးလိုက်ဖို့ ပြောဆိုလာခဲ့ပါတယ် ။ အစပိုင်းမှာတော့ Romeo တို့ဟာ ဆိုင်ရှင်စနောက်နေတယ်လို့ထင်နေခဲ့တာပါ ။ နောက်တော့မှ ဆိုင်ရှင်က ကောင်လေးကိုတစ်ကယ်ကူညီပေးနေမှန်းသိခဲ့ရပြီး ကောင်လေးအတွက် စက်ဘီးအသစ်တစ်စီးထုတ်ပေးခဲ့ပါတယ် ။ ကောင်လေးမှာတော့ လက်မလျှော့ဘဲ စက်ဘီးကိုပြုပြင်ဖို့ကြိုးစားရင်း စက်ဘီးအသစ်တစ်စီးလက်ဆောင်ရခဲ့လို့ ဝမ်းသာမဆုံးဖြစ်ပြီး အိမ်ကို စက်ဘီးအသစ်လေး ပျော်ရွှင်စွာစီးပြီး ပြန်သွားခဲ့ပါတယ် ။ လူကောင်းတွေနဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ ကံကောင်းလွန်းတဲ့ကောင်လေးလို့ ပြောရမှာပါပဲလေ ။
Zawgyi
ေခတ္ကာလအရ ပစၥည္းေကာင္းေတြ အသံုးျပဳႏိုင္ဖို႔ဆိုရင္ ေငြေၾကးသက္ႏိုင္တဲ့သူျဖစ္ဖို႔လိုပါတယ္ ။ ဒါေၾကာင့္ သာမာန္ပစၥည္းေလးတစ္ခုကိုေတာင္ ပိုင္ဆိုင္ႏိုင္ဖို႔ ေငြေၾကးအရ အခက္အခဲျဖစ္ေနသူေတြ အမ်ားႀကီး႐ွိေနၾကပါတယ္ ။ ဒီတစ္ေခါက္မွာလည္း ေကာင္ေလးတစ္ေယာက္ဟာ သူ႔ရဲ႕စက္ဘီးအေဟာင္းေလးကို ျပဳျပင္ေပးမဲ့ဆိုင္ေလးကို လိုက္လံ႐ွာေဖြေနခဲ့ပါတယ္ ။ ေကာင္ေလးရဲ႕စက္ဘီးဟာ အေတာ္ေလး ေဟာင္းႏြမ္းေနၿပီး လက္ကိုင္တန္းကလည္း မ႐ွိေတာ့သလို ၊ ဖင္ထိုင္ခံုကလည္း ထိုင္လို႔မရေတာ့ေလာက္ေအာင္ကို စုတ္ျပတ္ေနခဲ့တာပါ ။ အဆိုပါစက္ဘီးဟာ စီးေနရင္းနဲ႔ေတာင္ အႏၱရာယ္ျဖစ္ေစႏိုင္ေလာက္တဲ့အထိ ေဟာင္းႏြမ္းေနတာပါ ။
သို႔ေပမဲ့ေကာင္ေလးဟာ စက္ဘီးျပင္ဖို႔ ေငြေၾကးမ႐ွိလို႔ ၊ စက္ဘီဆိုင္ေတြဆီမွာ သူ႔စက္ဘီေလးကို ၾကည့္ေပးၾကဖို႔ လိုက္လံအကူအညီေတာင္းေနခဲ့တာပါ ။ ေနာက္ဆံုးမွ Romeo Sacrez အမည္႐ွိတဲ့ အလုပ္သမားတစ္ေယာက္နဲ႔ ေတြ႔ဆံုခဲ့ၿပီး Romeo နဲ႔ သူငယ္ခ်င္းေတြက ေကာင္ေလးရဲ႕ စက္ဘီးထိုင္ခံုေလးကို ထိုင္လို႔ရေအာင္ ျပဳျပင္ေပးခဲ့ပါတယ္ ။
ဆက္ၿပီးေကာင္ေလးရဲ႕ စက္ဘီးလက္ကိုင္တန္းကိုၾကည့္ေနစဥ္ ဆိုင္႐ွင္ကေရာက္လာၿပီး ေကာင္ေလးကိုစက္ဘီးအသစ္တစ္စီးေပးလိုက္ဖို႔ ေျပာဆိုလာခဲ့ပါတယ္ ။ အစပိုင္းမွာေတာ့ Romeo တို႔ဟာ ဆိုင္႐ွင္စေနာက္ေနတယ္လို႔ထင္ေနခဲ့တာပါ ။ ေနာက္ေတာ့မွ ဆိုင္႐ွင္က ေကာင္ေလးကိုတစ္ကယ္ကူညီေပးေနမွန္းသိခဲ့ရၿပီး ေကာင္ေလးအတြက္ စက္ဘီးအသစ္တစ္စီးထုတ္ေပးခဲ့ပါတယ္ ။ ေကာင္ေလးမွာေတာ့ လက္မေလ်ွာ့ဘဲ စက္ဘီးကိုျပဳျပင္ဖို႔ႀကိဳးစားရင္း စက္ဘီးအသစ္တစ္စီးလက္ေဆာင္ရခဲ့လို႔ ဝမ္းသာမဆံုးျဖစ္ၿပီး အိမ္ကို စက္ဘီးအသစ္ေလး ေပ်ာ္ရႊင္စြာစီးၿပီး ျပန္သြားခဲ့ပါတယ္ ။ လူေကာင္းေတြနဲ႔ ေတြ႔ဆံုခြင့္ရခဲ့တဲ့ ကံေကာင္းလြန္းတဲ့ေကာင္ေလးလို႔ ေျပာရမွာပါပဲေလ ။
Leave a Reply