ပျောက်သွားခဲ့တဲ့ ခွေးလေးက မနက် 3 နာရီအချိန်မှာ အိမ်ရှေ့bellကိုတီးပြီး ပြန်ရောက်လာခဲ့တဲ့အဖြစ် (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု၊ တောင်ကယ်ရိုလိုင်းနား၊ ဂရင်းဗိုင်းမြို့မှ Mary Lynn အမည်ရှိအမျိုးသမီးဟာ ပျောက်ဆုံးနေတဲ့ ၁၈ လအရွယ် Rajah အမည်ရှိသူမရဲ့အိမ်မွေးခွေး ကို ယူကျုံးမရရှာဖွေနေခဲ့ပါတယ်။

တစ်နေ့မှာ Mary Lynn ဟာ အိမ်နောက်ဖေးရှိ အခြားခွေးများနဲ့အတူရှိနေပြီးအိမ်နီးချင်းများနှင့်အတူ မီးရှူးမီးပန်းဖောက်နေခဲ့ပါတယ်။သူမဟာ Rajah ကိုသတိရပြီး အိမ်ထဲသို့သွားတဲ့အခါ Rajah ဟာ အိမ်ထဲ မရှိနေဘဲ ပျောက်သွားခဲ့ပါတယ်။ Rajah က မီးရှူးမီးပန်းများကို ကြောက်ပြီးထွက်သွားခဲ့ပုံရပါတယ်။

စိတ်ဖိစီးနေတဲ့ Lynn နှင့် သူမရဲ့ခင်ပွန်း Ryan တို့ဟာ ပျောက်ဆုံးနေတဲ့ Rajah ကိုရှာဖွေရန် social media မှာ ရှာဖွေသူများကို စုဆောင်းကာ ဖိတ်ကြားခဲ့ကြပါတယ်။Ryan က အိမ်အနီးတစ်ဝိုက်မှာ ကားဖြင့်လည်း ရှာဖွေခဲ့ပါတယ်။

“ ကျွန်တော်တို့က အိုးမဲ့အိမ်မဲ့တိရိစ္ဆာန်ခိုနားတဲ့နေရာအားလုံးကိုဖုန်းခေါ်ဖို့ အဆင်သင့် ဖြစ်နေတဲ့အချိန်မှာပဲ အိမ်ရှေ့တံခါးဝရှိ လူခေါ်ခေါင်းလောင်း က မြည်လာခဲ့တယ်” Ryan က ဗီဒီယိုဖိုင်မှာ ဖော်ပြထားတဲ့အတိုင်း ပြောပြခဲ့ပါတယ်။ထို့နောက် Rajah ဟာ ၇ နာရီအကြာမှာ အိမ်ပြန်လာခဲ့ပါတယ်။

ညစ်ပတ်နေတဲ့ ခွေးလေးဟာ သခင်ဆူမှာကို မကြောက်ဘဲ ခုန်ပေါက်ကာ ကင်မရာသို့ မျက်နှာလွှဲလိုက်ပါသေးတယ်။Rajah ကို အိမ် bell ဘယ်လိုတီးရမယ်ဆိုတာကို ကျွန်မ တစ်ခါမှမသင်ပြခဲ့ဖူးကြောင်း ခွေးလေး အိမ်ပြန်လာတာ က သူမတို့အတွက် အလွန်ဝမ်းသာစရာကိစ္စတစ်ခုဖြစ်ကြောင်း Lynn က ဆိုခဲ့ပါတယ်။Rajah ရဲ့ ကိုယ်ပေါ်မှာအဆူးတွေ ရှိနေခဲ့ပြီး သူမမှာ ပျော်ရွှင်စရာအချိန်ကောင်းရှိနေခဲ့ပုံရတယ်လို့ Lynn က ဆက်ပြောပြထားပါသေးတယ်။

ထို့ပြင် Lynn က အိမ်မွေးတိရိစ္ဆာန်များနှင့်တိရိစ္ဆာန်များအတွက် မီးရှူးမီးပန်းဖောက်ခြင်းက ဘယ်လောက်အန္တရာယ်ရှိစေကြောင်း ထပ်မံပြီး သတိပေးသွားခဲ့ပါသေးတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*