
ပျားဘုရင်မကို လက်သီးထဲဆုပ်ကိုင်ကာ အကာအကွယ်မပါဘဲ ပျားများကို လက်မောင်းဖြင့် နေရာရွေ့ပေးခဲ့တဲ့ အမျိုးသား
ပျားတစ်ကောင်က ကျွန်တော်တို့ဆီမှာ တဝဲလည်လည်လှုပ်နေတဲ့အခါ ကျွန်တော်တို့က ပျားကို လိုက်ပုတ်ရင်း အော်ဟစ်နေတတ်ကြပါတယ်။ပျားတွေဟာ အထူးသဖြင့် သူတို့ရဲ့ဘုရင်မက အန္တရာယ်ရှိနေတာကို သိတဲ့အခါ လူတွေကို အန္တရာယ်ပြုတတ်ကြပါတယ်။သို့ပေမဲ့ ဒီပျားမွေးမြူရေးသမားဟာ ပျားတွေကို သူ့ရဲ့လက်ပေါ်တင်ပြီး သူတို့ကို ကြောက်စရာမလိုဘဲ ပျားတွေကို နေရာရွေ့ပေးလေ့ရှိပါတယ်။
ဗီဒိုကိုဒိုမီနီကန်ပြည်သူ့သမ္မတနိုင်ငံမှ ပျားလုပ်သားတစ်ဦးဟာ လမ်းပေါ်မှာ မငြိမ်မသက်လမ်းလျှောက်နေစဉ် သူ့ရဲ့ဘယ်ဘက်လက်အား ပျားများနှင့်ဖုံးလွှမ်းနေသည်ကို ပြသခဲ့ပါတယ်။သူက ပျားတွေ သယ်ဆောင်ပြီး ၎င်းတို့အား သေတ္တာထဲထည့်ရန်ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။၎င်းမယုံနိုင်စရာကောင်းတဲ့မြင်ကွင်းက လူအများအား သူဘာကြောင့် ပျားမတုပ်ခံရလဲဆိုတဲ့ မေးခွန်းကို မေးမြန်းစေခဲ့ကြပါတယ်။
ထို့နောက် အဆိုပါပျားလုပ်သားက သူတို့က သူတို့ရဲ့ပိုင်ရှင်ကို သိနေတယ်လို့ ပြန်ဖြေခဲ့ပြီး ဗီဒီယိုရိုက်နေတဲ့တစ်ယောက်က ပျားတွေက ဘုရင်မရှိတယ်မလား၊ သူတို့ရဲ့ ဘုရင်မကော လို့ မေးတော့ ထိုပျားလုပ်သားက ပျားဘုရင်မက သူ့ရဲ့လက်သီးထဲမှာ လို့ ဖြေကြားခဲ့ပါတယ်။
၎င်းဗီဒီယိုကို Reddit မှာ မျှဝေလိုက်ပြီးနောက်မှာ ၎င်းဗီဒီယိုဟာ လူသိများလာခဲ့ကာ လူအများက အဆိုပါမယုံနိုင်စရာကောင်းတဲ့မြင်ကွင်းကို ကြည့်ရင်း ဘာကြောင့် သူက ပျားဘုရင်မကို လက်သီးထဲစုပ်ပြီးသယ်တာတောင် ပျားတွေက ဘာလို့မတုပ်ကြသလို သူတို့ရဲ့ဘုရင်မက သူ့လက်သီးထဲရှိနေတာကို သူတို့ဘယ်လို သိတာလဲ ဆိုတဲ့မေးခွန်းတွေ ထုတ်လာခဲ့ကြပါတယ်။
အဖြေကတော့ Pheromones ဆိုတဲ့ အနံ့တစ်မျိုးပါဘဲ။ Pheromones ကြောင့် ပျားတွေဟာ သူတို့ဘုရင်မက လက်သီးထဲရှိနေတာကို အနံ့ခံနိုင်ကြပါတယ်။အကယ်၍ ပျားဘုရင်မက အန္တရာယ်ရှိလာခဲ့ရင် ၎င်း Pheromones ကို ထုတ်လွှင့်ပေးတတ်ပါတယ်။ထို့ကြောင့် ပျားများက သူတို့ရဲ့ဘုရင်မနောက်ကို လိုက်သွားနိုင်ဖို့ အဆိုပါပျားလုပ်သားရဲ့လက်ကို စုအုံခဲ့ကြပုံပါဘဲ။
Pheromones ဟာ အပြုအမူပြောင်းလဲခြင်းနှင့်ဇီဝကမ္မဗေဒဆိုင်ရာပြောင်းလဲမှုများကိုဖော်ပြရန် ပျားများထုတ်လွှတ်တဲ့ဓာတုပစ္စည်းများရောစပ်ထားတဲ့ အနံ့တစ်မျိုးဘဲဖြစ်ပါတယ်။ ဘုရင်မရဲ့ Queen Mandibular Pheromone (QMP) ဟာ ပျားများရဲ့ လူမှုရေးအပြုအမူ၊ မိတ်လိုက်ခြင်းနှင့် ပျားအုံပြုပြင်ခြင်းကို အကျိုးသက်ရောက်စေနိုင်တာကြောင့် pheromones ဟာ ပျားများအတွက် အလွန်အရေးပါကြောင်း သတ်မှတ်ထားကြပါတယ်။
Leave a Reply