ပျက်စီးနေတဲ့လမ်းကို လာပြင်ပေးဖို့စောင့်ရတာ ငြီးငွေ့ လာလို့ ဘုရားဆီကနေသာဆုတောင်းရန် ဝတ်ပြုပွဲသာကျင်းပပြုလုပ်ခဲ့ကြတဲ့ ဒေသခံများ

ပျက်စီးနေတဲ့လမ်းကို လာပြင်ပေးဖို့စောင့်ရတာ ငြီးငွေ့ လာလို့ ဘုရားဆီကနေသာဆုတောင်းရန် ဝတ်ပြုပွဲသာကျင်းပပြုလုပ်ခဲ့ကြတဲ့ ဒေသခံများ

လမ်းပန်းဆက်သွယ်ရေးညံ့ဖျင်းတဲ့နိုင်ငံများအတွက် ပျက်စီးနေတဲ့လမ်းများပေါ်ရှိ ရွှံ့ပွက်များနှင့် ရေများပြည့်နေတဲ့ချိုင့်ခွက်တွင်းများကိုမြင်နေရခြင်းက တုန်လှုပ်စရာကိစ္စတစ်ခုမဟုတ်နေတော့ပါဘူး။ သို့ပေမဲ့ ၎င်းချိုင့်တွင်းတွေကိုမြင်ရဖို့က လွယ်ကူပေမဲ့ ၎င်းကိုလာပြုပြင်ပေးတာကိုမြင်ရဖို့ကတော့ အချိန်အတိုင်းအတာတစ်ခုအထိ ကြန့်ကြာနေတတ်ပါတယ်။

ထို့ကြောင့် ၎င်းကဲ့သို့သောတွင်းပေါက်များကို လာရောက်ပြုပြင်ပေးဖို့အတွက် စောင့်ဆိုင်းနေရခြင်းကို ငြီးငွေ့ ၊ စိတ်ပျက်လာတာကြောင့် အိန္ဒိယနိုင်ငံ ၊ Bengaluru မြို့၌ နေထိုင်သူများဟာ အာဏာပိုင်များရဲ့အာရုံစိုက်မှုကိုရရှိရန် များစွာသောတီထွင်ဖန်တီးမှုတစ်ခုကို လုပ်ဆောင်ခဲ့ကြပါတယ်။

The Indian Express ၏အဆိုအရ အိန္ဒိယနိုင်ငံ၊ Bengaluru မြို့မှဒေသခံများဟာ အာဏာပိုင်များ၏အာရုံစူးစိုက်မှုကို ဆွဲဆောင်ရန်အတွက် တွင်းပေါက် puja ဝတ်ပြုခြင်းပြုလုပ်ခဲ့ကြပါတယ်။ဒေသခံများဟာ ၎င်းလမ်းလည်ခေါင်က ချိုင့်ခွက်များကို ပန်းများဖြင့် ပန်းကုံးစွပ်ကာ နံ့သာ ချောင်းများထွန်းညှိပြီး ရိုးရာဂါထာများ ရွတ်ဖတ်ခဲ့ကြပါတယ်။ ၎င်းပွဲတော်ကို ဘုန်းကြီး ၂ ပါးနှင့် အခြားလူ ၂၅ ဦးတို့ တက်ရောက်ခဲ့ကြပြီး ၎င်းချိုင့်ခွက်များကြောင့်ညနောက်ထပ်သော ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် အသက်သေဆုံးခြင်းမျိုးမရှိအောင် ဆုတောင်းပေးခဲ့ကြပါတယ်။

ဝတ်ပြုခြင်းအပြင် အပြင် ၎င်းတို့ဟာ အမှတ်တစ်ခုသက်သေပြဖို့ ချိုင့်တွေပေါ် မှာ ချည်ကြိုးများ တင်ထားခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံ၊ Bengaluru မြို့ရှိ ၎င်း Charles Campbell Road လမ်းသွယ်ဟာ လမ်းအသုံးပြုသူအများအပြားအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပါတယ်။ သို့ပေမဲ့လည်း မကြာသေးမီက တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းများကြောင့် အခြေအနေမှာပိုမိုဆိုးရွားလာကာ လမ်းမျက်နှာပြင်ကို ပိုမိုအက်ကွဲသွားစေခဲ့ပါတယ်။

ထို့ပြင် Bengaluru ရှိနေထိုင်သူများက အာဏာပိုင်များ၏အာရုံကိုဖမ်းစားနိုင်စေရန်အတွက် လမ်းကိုပြုပြင်ရန် အစပျိုးမှုတစ်ခုအဖြစ် ဆန္ဒပြပွဲများပြုလုပ်ခဲ့ပါသေးတယ်။ဒေသခံများက နည်းလမ်းမျိုးစုံဖြင့် လုံး၀ ကြိုးပမ်းနေခဲ့ကြပေမဲ့လည်း ၎င်းလမ်းတလျှောက်ရှိ တွင်းပေါင်း ၁၀၀ ကျော်ရဲ့အခြေအနေဟာ ယခင်အတိုင်းပင် ရှိနေတာကြောင့် ဘာမှမပြောင်းလဲသွားပုံရနေပါတယ်။

ထို့ပြင် မြို့ခံတစ်ဦးက ၎င်းလမ်းကို ယခင်က ကတ္တရာလမ်းဖြင့် ဖောက်လုပ်ခဲ့ပြီးဖြစ်ပေမဲ့ အလုပ်ရဲ့အရည်အသွေးက ကွာဟချက်မှုမရှိတာကြောင့် ၎င်းက အရင့်အရင်လိုဘဲ ပြောင်းလဲမသွားသလို ထူးခြားလာခြင်းမရှိကြောင်း ၊ အစိုးရတွေကလည်း အရေးကိုမလုပ်ကြကြောင်း ပြောကြားခဲ့ပုံကိုလည်း The Indian Express က ပြန်လည်ဖော်ပြခဲ့ပါသေးတယ်။

Zawgyi

ပ်က္စီးေနတဲ့လမ္းကို လာျပင္ေပးဖို႔ေစာင့္ရတာ ၿငီးေငြ႕ လာလို႔ ဘုရားဆီကေနသာဆုေတာင္းရန္ ဝတ္ျပဳပြဲသာက်င္းပျပဳလုပ္ခဲ့ၾကတဲ့ ေဒသခံမ်ား

လမ္းပန္းဆက္သြယ္ေရးညံ့ဖ်င္းတဲ့ႏိုင္ငံမ်ားအတြက္ ပ်က္စီးေနတဲ့လမ္းမ်ားေပၚရွိ ႐ႊံ႕ပြက္မ်ားႏွင့္ ေရမ်ားျပည့္ေနတဲ့ခ်ိဳင့္ခြက္တြင္းမ်ားကိုျမင္ေနရျခင္းက တုန္လႈပ္စရာကိစၥတစ္ခုမဟုတ္ေနေတာ့ပါဘူး။ သို႔ေပမဲ့ ၎ခ်ိဳင့္တြင္းေတြကိုျမင္ရဖို႔က လြယ္ကူေပမဲ့ ၎ကိုလာျပဳျပင္ေပးတာကိုျမင္ရဖို႔ကေတာ့ အခ်ိန္အတိုင္းအတာတစ္ခုအထိ ၾကန႔္ၾကာေနတတ္ပါတယ္။

ထို႔ေၾကာင့္ ၎ကဲ့သို႔ေသာတြင္းေပါက္မ်ားကို လာေရာက္ျပဳျပင္ေပးဖို႔အတြက္ ေစာင့္ဆိုင္းေနရျခင္းကို ၿငီးေငြ႕ ၊ စိတ္ပ်က္လာတာေၾကာင့္ အိႏၵိယႏိုင္ငံ ၊ Bengaluru ၿမိဳ႕၌ ေနထိုင္သူမ်ားဟာ အာဏာပိုင္မ်ားရဲ႕အာ႐ုံစိုက္မႈကိုရရွိရန္ မ်ားစြာေသာတီထြင္ဖန္တီးမႈတစ္ခုကို လုပ္ေဆာင္ခဲ့ၾကပါတယ္။

The Indian Express ၏အဆိုအရ အိႏၵိယႏိုင္ငံ၊ Bengaluru ၿမိဳ႕မွေဒသခံမ်ားဟာ အာဏာပိုင္မ်ား၏အာ႐ုံစူးစိုက္မႈကို ဆြဲေဆာင္ရန္အတြက္ တြင္းေပါက္ puja ဝတ္ျပဳျခင္းျပဳလုပ္ခဲ့ၾကပါတယ္။ေဒသခံမ်ားဟာ ၎လမ္းလည္ေခါင္က ခ်ိဳင့္ခြက္မ်ားကို ပန္းမ်ားျဖင့္ ပန္းကုံးစြပ္ကာ နံ႔သာ ေခ်ာင္းမ်ားထြန္းညႇိၿပီး ႐ိုးရာဂါထာမ်ား ႐ြတ္ဖတ္ခဲ့ၾကပါတယ္။ ၎ပြဲေတာ္ကို ဘုန္းႀကီး ၂ ပါးႏွင့္ အျခားလူ ၂၅ ဦးတို႔ တက္ေရာက္ခဲ့ၾကၿပီး ၎ခ်ိဳင့္ခြက္မ်ားေၾကာင့္ညေနာက္ထပ္ေသာ ထိခိုက္ဒဏ္ရာရျခင္း သို႔မဟုတ္ အသက္ေသဆုံးျခင္းမ်ိဳးမရွိေအာင္ ဆုေတာင္းေပးခဲ့ၾကပါတယ္။

ဝတ္ျပဳျခင္းအျပင္ အျပင္ ၎တို႔ဟာ အမွတ္တစ္ခုသက္ေသျပဖို႔ ခ်ိဳင့္ေတြေပၚ မွာ ခ်ည္ႀကိဳးမ်ား တင္ထားခဲ့ၾကပါတယ္။ အိႏၵိယႏိုင္ငံ၊ Bengaluru ၿမိဳ႕ရွိ ၎ Charles Campbell Road လမ္းသြယ္ဟာ လမ္းအသုံးျပဳသူအမ်ားအျပားအတြက္ ၿခိမ္းေျခာက္မႈတစ္ခုျဖစ္ပါတယ္။ သို႔ေပမဲ့လည္း မၾကာေသးမီက တိုက္ခတ္ခဲ့တဲ့ မုန္တိုင္းမ်ားေၾကာင့္ အေျခအေနမွာပိုမိုဆိုး႐ြားလာကာ လမ္းမ်က္ႏွာျပင္ကို ပိုမိုအက္ကြဲသြားေစခဲ့ပါတယ္။

ထို႔ျပင္ Bengaluru ရွိေနထိုင္သူမ်ားက အာဏာပိုင္မ်ား၏အာ႐ုံကိုဖမ္းစားႏိုင္ေစရန္အတြက္ လမ္းကိုျပဳျပင္ရန္ အစပ်ိဳးမႈတစ္ခုအျဖစ္ ဆႏၵျပပြဲမ်ားျပဳလုပ္ခဲ့ပါေသးတယ္။ေဒသခံမ်ားက နည္းလမ္းမ်ိဳးစုံျဖင့္ လုံး၀ ႀကိဳးပမ္းေနခဲ့ၾကေပမဲ့လည္း ၎လမ္းတေလွ်ာက္ရွိ တြင္းေပါင္း ၁၀၀ ေက်ာ္ရဲ႕အေျခအေနဟာ ယခင္အတိုင္းပင္ ရွိေနတာေၾကာင့္ ဘာမွမေျပာင္းလဲသြားပုံရေနပါတယ္။

ထို႔ျပင္ ၿမိဳ႕ခံတစ္ဦးက ၎လမ္းကို ယခင္က ကတၱရာလမ္းျဖင့္ ေဖာက္လုပ္ခဲ့ၿပီးျဖစ္ေပမဲ့ အလုပ္ရဲ႕အရည္အေသြးက ကြာဟခ်က္မႈမရွိတာေၾကာင့္ ၎က အရင့္အရင္လိုဘဲ ေျပာင္းလဲမသြားသလို ထူးျခားလာျခင္းမရွိေၾကာင္း ၊ အစိုးရေတြကလည္း အေရးကိုမလုပ္ၾကေၾကာင္း ေျပာၾကားခဲ့ပုံကိုလည္း The Indian Express က ျပန္လည္ေဖာ္ျပခဲ့ပါေသးတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*