ပေါက်ပေါက်ရှာရှာ ဒန်းစီးကာ tik tokဆော့ခဲ့စဉ် မဖွယ်မရာတွင် ညှက်နေကာ ပြန်ထွက်မရတော့သဖြင့် မီးသတ်တပ်ဖွဲ့ကို အကူညီတောင်းခဲ့ရတဲ့ ကလေးမ

ပေါက်ပေါက်ရှာရှာ ဒန်းစီးကာ tik tokဆော့ခဲ့စဥ် မဖွယ်မရာတွင် ညှက်နေကာ ပြန်ထွက်မရတော့သဖြင့် မီးသတ်တပ်ဖွဲ့ကို အကူညီတောင်းခဲ့ရတဲ့ ကလေးမ

ကလေးသူငယ်များသည် အလွန်ဆော့တတ်ကြသည်ကို လူတိုင်းနားလည်ခွင့်လွှတ်ပေးတတ်ကြပေသည်။ကလေးငယ်တို့သည် အသက်ငယ်ရွယ်သေးသဖြင့် အပျော်ကိုသာရရှ်ိလိုပြီး အန္တာရာယ်များကိုတော့ မမြင်တတ်သေးကြပေ။

 

ထို့ကြောင့် ကလေးငယ်လေးများကို လူကြီးဖြစ်သူများက လိုက်လံစောင့်ရှောက်ပေးကြရသည်ပင်ဖြစ်သည်။

သို့သော် အပျိုဖော်ဝင်အရွယ် လူငယ်လေးကိုမှု လူကြီးများမှ လိုက်လံစောင့်ရှောက်ရန်အတွက် အထူးမလိုအပ်တော့ပေ။ထိုအပျိုဖော်ဝင်အရွယ်သည် အသိဉာဏ်များဖွံ့ဖြိုးလာကာ ကိုယ်တိုင်ဆုံးဖြတ်နိုင်လာကြပြီဖြစ်ပေသည်။

ယခုတွင် အပျိုဖော်အရွယ်မိန်းကလေးတစ်ဦး၏ အဆော့လွန်သော အဖြစ်အပျက်သည် အားလုံးကို ရယ်မောစေခဲ့ပါသည်။

သူမသည် ကလေးငယ်လေးများ ဆော့ကစားသော ဒန်းကလေးဖြင့် သွားရောက်ကာ tik tokဆော့ကစားခဲ့ပါသည်။ထိုအချိန်တွင် ဒန်းသည် ကလေးများအတွက် ပြုလုပ်ထားသောကြောင့် သေးငယ်နေခဲ့ပြီး အပျိုဖော်ဝင်အရွယ် မိန်းကလေးသည် ဒန်းထဲတွင် ညှပ်နေခဲ့ပါသည်။

ထို့ကြောင့် မီးသတ်တပ်ဖွဲ့ကို အကူအညီတောင်းခံခဲ့ရပြီး စက်ကိရိယာများနှင့် ဖြတ်ဆီးကာ သူမအား ကယ်ဆယ်ခဲ့ရပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*