ပူပြင််းလွန်းတဲ့နေရောင်ခြည်အောက်မှာ ဆောက်လုပ်ရေးလုပ်ငန်းကို လုပ်ပြီး အပြုံးမပျက်နဲ့ဝင်ငွေရှာခဲ့တဲ့ မိဘမဲ့ကလေးမလေး

ပူပြင််န်းတဲ့နေရောင်ခြည်အောက်မှာ ဆောက်လုပ်ရေးလုပ်ငန်းကို လုပ်ပြီး အပြုံးမပျက်နဲ့ဝင်ငွေရှာခဲ့တဲ့ မိဘမဲ့ကလေးမလေး

ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ နေအပူတပြင်းနဲ့ အလုပ်လုပ်ရတာက ခက်ခဲတဲ့အလုပ်ဆိုတာကို ကျွန်ုပ်တိုအားလုံးသိနေကြပါတယ် ။အသက် ၁၅ နှစ်အရွယ်ကလေးမတစ်ဦးဟာ ကျောင်းမှာပညာသင်ကြားရမယ့်အရွယ် နဲ့ ဗဟုသုတအသစ်များသင်ယူရမဲ့အရွယ်မှာ ကြမ်းတမ်းတဲ့အလုပ်တွေနဲ့ ဝင်ငွေရှာနေရတာပါ ။

သူမ ၁၀ နှစ်အရွယ်မှာ ဖခင်ဖြစ်သူမတော်တဆမှုကြောင့် သေဆုံးသွားတဲ့အခါ မိဘမဲ့ဖြစ်လာခဲ့ပါတယ် ။ သူမရဲ့ မိခင်က သူမကိုစွန့်ခွာပြီး နောက်အိမ်ထောင်ပြုခဲ့ပါတယ် ။ ရဲရင့်တဲ့ဒီမိန်းကလေးဟာ သူမရဲ့အဘိုးအဘွားတွေကို ဂရုစိုက်ဖို့တာဝန်ယူခဲ့ရပါတယ် ။အစိုးရက သက်ကြီးရွယ်အိုများအတွက် လစဉ်ထောက်ပံ့ငွေနဲ့ ပင်စင်ငွေများကို ထုတ်ပေးသော်လည်း အဘိုးအဘွားရဲ့ဆေးကုသမှုအတွက်သာ လုံလောက်တာကြောင့် ဆေးဘက်ဆိုင်ရာအသုံးစရိတ်မှလွဲပြီး ဝမ်းဗိုက်၃လုံးကိုလည်း ကျွေးမွေးဖို့ လိုအပ်ပါသေးတယ် ။

အစိုးရထောက်ပံ့ငွေနဲ့ ပင်စင်ငွေဟာ လုံလောက်မှုမရှိ ဒါကြောင့် သူမက ကိုယ့်ကိုယ်ကို အတင်းအကျပ်ခိုင်းစေခဲ့ရပါတယ် ။ အနည်းငယ်ထပ်မံဝင်ငွေရရန် သူမဟာ အနီးအနားရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်် ။ ဆောက်လုပ်ရေးမန်နေဂျာက သူမရဲ့အဖြစ်အပျက်ကို ကြားပြီးတဲ့နောက် သူမကို အလုပ်ပေးလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ သူမဟာ ခန္ဓာကိုယ်သေးငယ်တဲ့မိန်းကလေးတစ်ဦးဖြစ်တာကြောင့် အုတ်များနဲ့ အခြားပိုမိုလွယ်ကူတဲ့အလုပ်များကိုသာ လုပ်ဆောင်ရန် တာဝန်ရရှိခဲ့ပါတယ် ။

နွေရာသီတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်ခြင်းဟာ လူကြီးများအတွက်အလွန်ပင်ပန်းတာပါ ။ သူတို့က မကြာခဏအားလပ်ချိန်ယူကြပါတယ် ။ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ခက်ခဲကြမ်းတမ်းစွာအလုပ်လုပ်နေတဲ့ ဒီမိန်းကလေးကို ကြည့်ပြီး သူတို့ဝမ်းနည်းနေကြပါတယ် ။ ဒါပေမဲ့ ဒီမိန်းကလေးကအမြဲတမ်းအပြုံးမပျက်နဲ့ သူမအဖိုးအဖွားရဲ့ ဆေးကုသမှုဆိုင်ရာကုန်ကျစရိတ်များနဲ့ ဆေးဝါးများအတွက် သူမအပိုဝင်ငွေ လိုအပ်တယ်လို့ဘဲ ဆိုပါတယ် ။

ဒီကလေးမဟာ သူမမှာကောင်းမွန်တဲ့ ကိုယ်ကျင့်တရားစံနှုန်းများရှိပြီး အလွန်လေးစားထိုက်တဲ့ သူဘဲဖြစ်ပါတယ် ။ သူမဟာ အခက်အခဲများကို ရင်ဆိုင်ဖို့ အလွန်ရဲရင့်ပြီး အနာဂတ်မှာ သူမဘဝဟာ ပိုမိုကောင်းမွန်လာလိမ့်မယ်လို့ ကျွန်ုပ်တို့အားလုံး မျှော်လင့်ပါတယ် ။

Zawgyi

ပူပြင်န်းတဲ့နေရောင်ခြည်အောက်မှာ ဆောက်လုပ်ရေးလုပ်ငန်းကို လုပ်ပြီး အပြုံးမပျက်နဲ့ဝင်ငွေရှာခဲ့တဲ့ မိဘမဲ့ကလေးမလေး






Be the first to comment

Leave a Reply

Your email address will not be published.


*