ပီဇာပထမဆုံးအကြိမ်စားကြည့်ဖို့ အကြွေစေ့တွေနဲ့ပိုက်ဆံရှင်းတဲ့ဖောက်သည်လေးကို အလကားဝယ်ကျွေးခဲ့တဲ့ FoodPanda အမျိုးသား

တစ်ခါတစ်ရံ ကြင်နာမှုသေးသေးလေးတွေကလည်း သံယောဇဉ်ရှည်လျားနေတတ်ပါတယ်။ဒီ FoodPanda အမျိုးသားရဲ့ ဖောက်သည်ငယ်လေးပေါ်ထားရှိတဲ့ကြင်နာမှုဟာ သင်တို့နှလုံးသားကို ကျိန်းသေထိမိသွားစေမှာပါ။

Twitter အသုံးပြုသူ Uzair က သူငယ်ချင်းဖြစ်သူ Faiz Rosman နဲ့ ပိုက်ဆံပေးချေဖို့မလုံလောက်တဲ့ သူ့ရဲ့ဖောက်သည်ငယ်လေးအကြောင်းကို မျှဝေပေးခဲ့တာပါ။Faiz ဟာ ရင်းဂစ် ၂၉( ၉,၀၀၀ကျပ်)တန်ပီဇာ အမှာစာရပြီး သွားပို့လိုက်တော့ သူ့ဖောက်သည်ကောင်လေးက အကြွေစေ့ထုပ်ဆွဲပြီး အလျင်အမြန် အိမ်ရှေ့ကိုရောက်လာခဲ့ပါတယ်။

မနက်ခင်း ဘူတာရုံသွားခဲ့တာကြောင့် ကောင်လေးရဲ့ အကြွေစေ့ဟာ ရင်းဂစ် ၁၈( ၆,၀၀၀ကျပ်)ဘဲ ကျန်တာမို့ Faizက မပြည့်ရင် တိုင်ကြားမှုတွေလုပ်မယ်လို့ နောက်ပြောင်လိုက်ပါတယ်။ကောင်လေးရဲ့အဖေ့ ဖုန်းနံပါတ်ပေးလို့ ပြောတော့ ကောင်လေးက သူမသိဘူးလို့ လိမ်ပြောခဲ့ပြီး “ကျွန်တော် အဖေ့ကို ပြောပြရမှာကြောက်တယ် ကျွန်တော်က ပထမဆုံးအကြိမ် ပီဇာဘဲ စားကြည့်ချင်ရုံပါ”လို့ ဆိုပြီး ပိုက်ဆံမလောက်ရင် နောက်တစ်ခေါက်မှ ထပ်ပေါင်းပေးလို့ရမလားလို့ ပြန်ပြောခဲ့ပါတယ်။

အဲ့တာနဲ့ Faiz က ကောင်လေးရဲ့ပိုက်ဆံတွေကို မယူတော့ဘဲ သူ့အသုံးလိုတဲ့နေရာမှာသုံးဖို့ နဲ့ နောက်ပိုင်း ဘယ်သူ့ကိုမှ မလိမ်ဖို့ မှာခဲ့တော့ ကောင်လေးက မယုံကြည်ဖြစ်ခဲ့ရပြီး သူ့အမှားတွေကို ပြန်တောင်းပန်ပေးခဲ့ပါတယ်။Faizအား netizenတွေက သူ့ရဲ့ရက်ရောမှုအတွက် ချီးမွမ်းခဲ့ကြပါတယ်။ကမ္ဘာတစ်ဝှမ်းလုံး ပရမ်းပတာဖြစ်နေတဲ့အခုလိုအချိန်မှာ လူတိုင်းကို ကြင်နာမှုတွေပြဖို့ အကောင်းဆုံးအချိန်ပါ။

Pizza seafood and cheese from Piza shop Thailand

Faiz ရဲ့ ရက်ရောမှုကလည်း လူတိုင်းရင်ကို နွေးထွေးစေမှာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*