
ပိုင်ဆိုင်သမျှအရာအားလုံးကိုရောင်းပြီး ဘက်စ်စကားတစ်စီး နဲ့ ကမ္ဘာပတ် ခဲ့တဲ့မိသားစု
Josh နဲ့ Jessa တို့ ဇနီးမောင်နှံနှစ်ဦးဟာ အလုပ်ဘက်မှာ ထူးချွန်ပြီး အောင်မြင်နေကြတဲ့သူတွေဖြစ်ပါတယ်။ အဲ့ဒီဇနီးမောင်နှံ နှစ်ဦးဟာဆိုရင် ကားအကောင်းစားတွေ၊ အိမ်အကောင်းစားတွေ အများကြီး ပိုင်ဆိုင်ထားပါတယ်။
ဒါပေမဲ့ သူတို့ရဲ့ဘဝဟာ တကယ်ပြီးပြည့်ဆုံတဲ့ ဘဝမဟုတ်ဘူးလို့ သူတို့တွေ ထင်မြင်နေကြပါတယ်။အဲ့ဒါနဲ့ဘဲ Jessa နဲ့ josh က သူတို့ရဲ့အလုပ်ကနေ ထွက်ခဲ့လိုက်ပါတယ်။နောက်ပြီး သူတို့ပိုင်တဲ့ ကားအကောင်းစားတွေ ပစ္စည်းတွေ ရောင်းပြီး သူတို့ရဲ့ ၂နှစ်အရွယ်သားလေး Jack နဲ့ အတူ ခရီးတွေသွားဖို့အတွက် ဘက်စ်စကား တစ်စီးကို ဝယ်ယူခဲ့ပါတယ်။
သူတို့ က U.S အမျိုးသားပန်းခြံတွေ၊ နေရာပေါင်းစုံတွေသွားလည်ပြီး အခြားမသိတဲ့သူတွေနဲ့ မိတ်ဆွေတွေဖွဲ့နိုင်ဖို့ ကမ္ဘာ ပတ်ပြီး ပျော်ရွှင်စွာ စိတ်ထွက်ပေါက်ရှာခဲ့ကြပါတယ်။ သူတို့ရဲ့ သားအတွက်ဖန်တီးပေးလိုက်တဲ့မိသားစုလမ်းခရီးစဉ်ဟာ တကယ့်ကို အံ့သြစရာကောင်းလွန်းပါတယ်။ အဲ့ဒီမိသားစုကို မနာလိုလိုက်တာဗျာ။
ကျွန်တော်ဆို ဘုရားဖူးသွားတာတို့ ၊ခရီးရှည်ထွက်တာတို့ဆို နှစ်သက်တဲ့သူပါ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ အံ့သြစရာနေရာတွေကိုလည်း သွားလည်ချင်တယ်။ တစ်နေ့နေ့တော့ ကျွန်တော်တို့ ရဲ့ဘဝမှာလည်း ဒီမိသားစုလိုဘဲကမ္ဘာပတ်နိုင်မယ့် အခွင့်အရေးရရှိနိုင်မှာပါ။
#6
#7
#8
#9
#10
#11
#12
#13
#14
#15
#16
#17
#18
Leave a Reply