ပိုက်ဆံအိတ်ခိုးပြီးမှ CCTV မှာ မှတ်တမ်းတင်ထားမှန်းသိသွားပြီး ပိုက်ဆံအိတ်ပြန်ပေးလိုက်တဲ့ ခါးပိုက်နှိုက်

ကျန်းမာသန်စွမ်းလျက်နဲ့ ကိုယ့်အားကိုုယ်ကိုးပြီး အလုပ်ကြိုးစားကာ ပိုက်ဆံရှာမယ့်အစား အလွယ်နည်းလမ်းကိုလိုက်ချင်နေကြတဲ့လူတွေအများကြီးရှိပါတယ်။ တစ်ခါတစ်လေ သူတို့သတိမထားဘဲ ခိုးနေတာကိုမိသွားတဲ့အခါလည်းရှိတယ်။ သနားလို့အခွင့်ရေးပေးလိုက်ရင် နောင်တမရတတ်တဲ့ လူအချို့လည်းရှိတယ်။

ATM စက်နားမှာရပ်ပြီး ပိုက်ဆံထုတ်နေတဲ့လူဆီက ပိုက်ဆံအိတ်ခိုးတဲ့ လူကို ကင်မရာမှာမိသွားပါတယ်။ ဗီဒီယိုထဲမှာတော့ ATMစက်နားကလူဆီ သူချည်းကပ်သွားပြီး ပိုက်ဆံအိတ်ကိုယူနိုင်မယ့်ခွင်ကိုရှာနေပါတယ်။

ပိုက်ဆံအိတ်ကို အောင်မြင်စွာယူပြီးနောက် ခါးပိုက်နှိုက်က ထိုနေရာမှာပဲ မတ်တပ်ရပ်နေပြီး ပတ်ဝန်းကျင်ကို အခြေအနေကြည့်နေပါသေးတယ်။နောက်မှ သူပိုက်ဆံအိတ်ခိုးနေတာကို ညာဘက်ထောင့် ကင်မရာမှာအကုန်မှတ်တမ်းတင်ပြီးကြောင်း သူသိသွားပါတယ်။ ဘယ်လိုမှ သူမတတ်နိုင်တဲ့အဆုံး ကင်မရာကို သူတောင််းပန်တဲ့ပုံစံလုပ်ပြပြီး မြေကြီးပေါ် ပိုက်ဆံအိတ်ချလိုက်ကာ အောက်ပြုတ်ကျနေသလိုမျိုးလုပ်လိုက်ပါတယ်။

ပြီးမှ ATM စက်နားမှာရပ်နေတဲ့ လူပုခုံးကိုပုတ်ပြီး သူ့ပိုက်ဆံအိတ်ကျနေကြောင်း ပြောလိုက်ပါတယ်။ထိုလူလည်းပျော်သွားပြီး သူ့ကိုဖက်ကာ ATMစက်ဘက် ပြန်လှည့်သွားတယ်။ကင်မရာကိုခါးပိုက်နှိုက်က နောက်တစ်ကြိမ်တောင်းပန်ပြီး ပြန်သွားပါတယ်။ ဒီဗီဒီယိုကို ကြည့်ရှုသူ ၂၃မီလီလျံရှိပြီး အင်တာနက်သုံးစွဲသူတွေက ဒီဗီဒီယိုဟာ အယောင်ဆောင်ထားတာလို့ပြောပါတယ်။

ငွေထုတ်စက်နဲ့ကင်မရာက အရမ်းနီးနေပြီး အခိုးခံရတဲ့သူအိတ်ကပ်ထဲက ပိုက်ဆံအိတ်ကို ခိုးလိုက်ပုံကလည််း မပီပြင်ဘူး လုပ်ရိုက်ထားမှန်းသိသာတယ်လို့ သူတိုု့ထောက်ပြကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*