ပိုက်ဆံမရှိသော ဆင်းရဲသားအားလုံးကို လှူဒါန်းမှုပြုလုပ်နိုင်ရန်အတွက် ကိုယ်တိုင်လီမွန်ဖျော်ရည်များရောင်းချကာ ပိုက်ဆံရှာဖွေနေသည့် အသက်၃နှစ်အရွယ် မိန်းကလေး

ပိုက်ဆံမရှိသော ဆင်းရဲသားအားလုံးကို လှူဒါန်းမှုပြုလုပ်နိုင်ရန်အတွက် ကိုယ်တိုင်လီမွန်ဖျော်ရည်များရောင်းချကာ ပိုက်ဆံရှာဖွေနေသည့် အသက်၃နှစ်အရွယ် မိန်းကလေး

တစ်ဦးနှင့်တစ်ဦးသည် လူသားခြင်းစာနာထောက်ထားမှုကိုသာ အစဥ်လေးစားမှုရှိပါက သာယာသော ကမ္ဘာကြီးတစ်ခုဖြစ်လာပေလိမ့်မည်။အချင်းချင်းကူညီရိုင်းပင်းမှုသည် အသက်အရွယ်နှင့်မဆိုင်ဘဲ သိတတ်မှုနှင့်သာ သက်ဆိုင်နေပေသည်။

ယခုတွင် အမေရိကန်နိုင်ငံ၌ နေထိုင်သော အသက်၃နှစ်သာရှိသေးသည့် မိန်းကလေးသည် အရွယ်နှင့်မလိုက်အောင်ပင် လူသားများအတွက် ကြိုးစားနေပြီဖြစ်ပေသည်။ကလေးမလေးသည် အသက်၃နှစ်အရွယ်သာရှိသေးသော်လည်း ကမ္ဘာပေါ်တွင် အသက်ရှင်နေထိုင်ရန် ခက်ခဲနေသော လူသားများအတွက် လှူဒါန်းနိုင်ငံရန် ဝင်ငွေကို ကြိုးစားရှာဖွေခဲ့သည်။

ကလေးမသည် လမ်းဘေးတစ်နေရာတွင် ဆိုင်တဲလေးဖြင့် လီမွန်ဖျော်ရည်များကို ရောင်းချကာ ဝင်ငွေများရရှိရန် ကြိုးစားခဲ့ပါသည်။

ကလေးသည် သူရရှိသော ဝင်ငွေများအားလုံးကို မရှိဆင်းရဲသားများကို အကုန်လှူဒါန်းပြီး အလုပ်များကို ကြိုးစားလျက်ရှိပေသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*