
မကြာသေးခင်က မလေးရှားနိုင်ငံရှိ Sabah မြို့ဘဏ်တစ်ခုအတွင်းပိတ်မိနေသောလူတစ်ယောက်ရဲ့ဗီဒီယိုတစ်ခုဟာ TikTok ပေါ်မှာ ရေပန်းစားသွားခဲ့ပါတယ်။ပြီးခဲ့တဲ့ သောကြာနေ့မှာ TikTok မှ @hafifhiqal အမည်ရှိသုံးစွဲသူဟာ “သူငယ်ချင်းတစ်ယောက်ဘဏ်ထဲမှာ ပိတ်မိနေပြီ။ ဒါ့အပြင် အာရုံခံကိရိယာတစ်ခုလည်း ရှိနေတယ်။ ” လို့ caption တပ်ရင်း မျှဝေခဲ့ပါတယ်။
၎င်းဗီဒီယိုဟာ Like ပေါင်း ၉၃,၇၀၀ ကျော်နဲ့မှတ်ချက်ပေါင်း ၂,၂၄၈ ကျော်အထိ ရရှိခဲ့ပါတယ်။ဗီဒီယိုထဲအရ အဆိုပါအမျိုးသားတစ်ဦးဟာ ဘဏ်ရှေ့သို့ ထွက်ခွာရန်ကြိုးစားနေချိန်တွင် shutter တံခါးများက သူ့ရှေ့တွင် အောက်သို့ တစ်ဖြည်းဖြည်းလှိမ့်ကျနေခဲ့ပါတယ်။ဗီဒီယိုဖိုင်တွင် ဖော်ပြထားချက်အရ Sabah ရှိဘဏ်များဟာ လှုပ်ရှားမှုထိန်းချုပ်ရေးအမိန့် (MCO) ကြောင့် နေ့စဉ်လုပ်ငန်းများအား စောစီးစွာ အဆုံးသတ်စေခြင်းကြောင့် ၎င်းအဖြစ်အပျက်ဟာ ည ၇ နာရီတွင် ဖြစ်ပွါးခဲ့ကြောင်း Hafif က ဖော်ပြထားပါတယ်။
အဆိုပါအမျိုးသားဟာ ပိုက်ဆံလေးအနည်းငယ်ထုတ်ပြီး အပြင်ဘက်သို့ ထွက်လာနေချိန်မှာ သံတံခါးများက ဖြည်းဖြည်း လှိမ့်ကျလာတာကို တွေ့ရမှာပါ။အဆိုပါအမျိုးသားဟာ ၎င်းတံခါးရဲ့ဘေးက ခလုတ်ကို ထပ်ခါတလဲလဲ နှိပ်ရင်း အပြင်ထွက်ဖို့ ကြိုးစားနေခဲ့ပေမဲ့ shutter သံတံခါးများဟာ ဆက်လက်ပြီး အောက်သို့ လှိမ့်ဆင်းနေခဲ့ပါတယ်။
ထို့နောက် Hafif ရဲ့နောက်မှတ်ချက်တစ်ခုအရ အဆိုပါအမျိုးသားဟာ ၅ မိနစ်အကြာမှာ အပြင်သို့ လွတ်မြောက်လာနိုင်ခဲ့တဲ့အကြောင်းကို Hafif က “ လူတော်တော်များများက ကျွန်တော့်သူငယ်ချင်းက ဘယ်လိုထွက်လာနိုင်ခဲ့တဲ့အကြောင်းကို သိချင်နေကြတယ် ၊ ကျွန်တော့်အထင် ဘဏ်အတွင်းပိုင်းမှာ အနီးကပ် CCTV ရှိနေလို့နေမယ် သူ ၅ မိနစ်အကြာမှာ ပြန်ထွက်လာနိုင်ခဲ့တယ် ” လို့ ပြန်လည်ရှင်းပြခဲ့ပါတယ်။အင်တာနက်သုံးစွဲသူအချို့ကလည်း ၎င်းတို့လည်း ယခင်က အလားတူအဖြစ်အပျက်မျိုးကြုံတွေ့ခဲ့ကြရကြောင်းကို အချင်းချင်း sharing လုပ်ခဲ့ကြပါတယ်။
“ ကျွန်မလည်း မနက် ၁ နာရီအချိန်ကြီးမှာ အဲ့လိုဖြစ်ခဲ့ဖူးတယ် ၊ တံခါးရဲ့ဘေးမှာ ခလုတ်ရှိတယ် ၊ အဲ့တာကို နှိပ်လိုက်ရင် သူပြန် ဖွင့်သွားတယ်” ၊ “ ငါလည်း Sabah ရဲ့ Maybank မှာ မနက် ၁၂ နာရီအချိန်ကြီးမှာ ပိတ်မိဖူးတယ် ၊ လေအေးပေးစက်ကလည်း အသေအေးနေပြီး ငါလည်း ထိတ်လန့်နေခဲ့ရတယ်” ၊ “ hahahaha ငါလည်း ကြုံခဲ့ဖူးတယ် ၊ လန့်ပြီး အသေအော်ငိုနေခဲ့တာ အခုပြန်တွေးကြည့်တော့ ရယ်စရာကြီး ” စတဲ့ မှတ်ချက်များစွာကို မျှဝေခဲ့ကြပါသေးတယ်။
Leave a Reply