ပိတ်မိနေတဲ့ သူငယ်ချင်းကြောင်လေးကို ကယ်တင်ရန် ကြိုးကြိုးပမ်းပမ်းနဲ့ တွင်းတူခဲ့တဲ့ သူရဲကောင်းယုန်ငယ်လေး (ရုပ်သံ)

ပိတ်မိနေတဲ့ သူငယ်ချင်းကြောင်လေးကို ကယ်တင်ရန် ကြိုးကြိုးပမ်းပမ်းနဲ့ တွင်းတူခဲ့တဲ့ သူရဲကောင်းယုန်ငယ်လေး (ရုပ်သံ)

အခုဖော်ပြပေးမှာက Chasky အမည်ရှိ ယုန်လေးဟာ သူငယ်ချင်းတစ်ယောက်အတွက် အံ့သြစရာကောင်းတဲ့ အရာတစ်ခုလုပ်ပေးပြီးနောက် လူအများရဲ့ စိတ်နှလုံးများစွာကို ထိမိခဲ့ပါတယ် ။ ယုန်လေးဟာ သူ့ပိုင်ရှင်ခြံအနီးအနားရှိ ခြံဝန်းမှာ တူးဖော်နေခဲ့ပါတယ် ။ အဆိုပါ fluffy အမည်ရှိ ကြောင်လေးဟာ နံရံရဲ့ အနောက်မှာ ရှိနေတာကြောင့်ဖြစ်ပါတယ် ။

အဆိုပါ ယုန်ရဲ့ပိုင်ရှင် Jessica Rodriguez Fatigatti က “ ကြောင် (fluff) ရှိတဲ့နေရာက ယုန် (chasky) ကအမြဲတမ်းလုပ်တဲ့ အပေါက်တစ်ခုပါ ။

သူတို့က တွင်းထဲကို နေ့တိုင်းဝင်နေလို့ဖုံးထားရတယ် ။ အဲဒီနေ့က ကြောင်ကလေးအထဲမှာရှိနေတာကို သတိမပြုမိဘဲ ဖုံးအုပ်ခဲ့တယ် ” လို့ ဆိုခဲ့ပါတယ် ။ အဲ့ဒီလိုနဲ့ Chasky ယုန်လေးက သူ့သူငယ်ချင်းဟာ အထဲမှာ ပိတ်မိနေမှသိတော့ Jessica ပိတ်ထားတဲ့အပေါက်ကို ပြန်တူးရန်လုပ်နေခဲ့ပါတယ် ။

အစပိုင်းမှာတော့ ပိုင်ရှင် Jessica က ယုန်ကလေး ဘာလုပ်နေတာကို မသိခဲ့တာကြောင့် စောင့်ကြည့်နေကာ နောက်မှ ယုန်က အပျော်အပါးအတွက် တွင်းတူနေတာမဟုတ်ဘဲ သူ့သူငယ်ချင်းကို ကယ်ဖို့လုပ်နေမှန်းသိတော့ ပိုင်ရှင်က အံ့သြသွားခဲ့ပါတယ် ။

တူးဖော်ခြင်းဟာ တစ်ခုတည်းသောအကူညီဖြစ်တာကို သဘောပေါက်ပြီးနောက် Chasky ဟာ သူ့ရဲ့စွမ်းအားအားလုံးကို စုဆောင်းပြီး တူးဖော်နေခဲ့တာပါ ။ နောက်ဆုံးတွင် သူရဲကောင်းယုန် လေးဟာ Fluff အမည်ရှိ ကြောင်လေးကို ထွက်လာနိုင်ရန်အတွက် အပေါက်ကြီးတစ်ပေါက်ကို အလုံအလောက်တူးန်ုင်ခဲ့ပါတယ် ။ ၎င်းအဖြစ်အပျက်ဟာ စစ်မှန်တဲ့ခင်မင်မှုကို ပြသတဲ့သဘောဖြစ်ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*