
ပါတီပွဲတက်ဖို့ ဆိုင်တွင် မိတ်ကပ်သွားပြင်ခဲ့ရာ မျက်တောင်ဆိုးဆေးဖြင့် ဓာတ်မတည့်မှုကြောင့် မျက်လုံးတွေဖူးရောက်လာပြီး ဆေးရုံတက်ကာအရေးပေါ်ကုသမှုခံနေရသည့် ၁၄နှစ်သမီးလေး
မိန်းကလေးတို့၏သဘာဝကတော့ အလှအပများကို သာမန်ထက်ပိုပြီး စိတ်ဝင်စားမှုရှိကြတာဖြစ်ပါတယ်။နောက်ပိုင်းတွင် လူသားတို့ဟာ ကိုယ်ကျိုးစီးပွားအတွက် ပစ္စည်းအတုများကို ထုတ်လုပ်လာကြပြီး အန္တာရာယ်ဆိုသောအရာများကို ထည့်တွက်ခြင်းမရှိတော့ပေ။
ယခုတွင်လည်း အင်္ဂလန်နိုင်ငံမှ Rhia Vikkiဆိုသည့် အသက်၁၄နှစ်အရွယ်သမီးလေးဟာ သူငယ်ချင်းများနှင့် ပါတီလုပ်ကာ ပျော်ပါးဖို့စီစဥ်ခဲ့ပါတယ်။ထို့ကြောင့်လည်း ဆိုင်တွင် အလှသွားပြင်ခဲ့ရာမှ ဆိုင်ကဆိုးပေးလိုက်သော မျက်တောင်ဆိုးဆေးဖြင့် ဓာတ်မတည့်မှုဖြစ်ခဲ့ရပါတယ်။
ပါတီပွဲပြီး၍ နောက်နေ့မနက်အိပ်ရာနိုးချိန်တွင် ကောင်မလေး၏ မျက်လုံးများ ဖူးရောင်နေခဲ့ပြီး မျက်လုံးများဖြင့်မရအောင် ကိုက်ခဲနေကြောင်းဆိုပါတယ်။ထို့ကြောင်လည်း ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ကာ ကုသမှုခံယူခဲ့ရပါတယ်။
Zawgyi
Leave a Reply