ပန်းသီးထဲမှာပါတဲ့ အစေ့တွေကိုစားမိရင် သင့်ကိုတကယ်သေစေနိုင်တာလား

တစ်စုံတစ်ယောက်က ပန်းသီးကို အလုံးလိုက်ကိုက်စားနေတဲ့အချိန်အူတိုင်နေရာအရောက် လုံးဝဂရုမစိုက်ဘဲ မေးရိုးတွေထောင်နေအောင်ဝါးစားနေတဲ့အချိန် သင့်ရဲ့ ဦးနှောက်ထဲမှာ မသေချာမရေရာတဲ့သတိပေးစကားတစ်ခုကို သတိရမိလိုက်တာမျိုးရှိဖူးပါသလား?

တစ်နေရာရာကဖြစ်ဖြစ် ပန်းသီးအစေ့တွေဟာ အဆိပ်ရှိတယ်ဆိုပြီးတော့ ကြားဖူးကြပါသလား?ကောင်းပါပြီ။ပန်းသီးအစေ့တွေမှာ တကယ်ကို အဆိပ်ပါဝင်ပါတယ်။ဒါပေမယ့် သူတို့ထဲက အနည်းငယ်သောအစေ့တွေကသာလျှင် သင့်ကို သေစေနိုင်တာဖြစ်ပြီးတော့ အဲ့ဒီအနေအထားမှာ ဒီအစေ့တွေဟာ ဖိခြေခံထားရတဲ့ အစေ့တွေလည်းဖြစ်နေရမှာဖြစ်ပါတယ်။ပန်းသီစေ့တွေမှာ(ဆက်နွယ်နေတဲ့ တခြားသောအပင်တွေဖြစ်တဲ့ သစ်တော်သီးနှင့် ချယ်ရီသီးအစေ့)ဆိုင်ယာနိုက်အက်စစ်နှင့် သကြားတို့ပေါင်းစပ်ပါဝင်ထားတဲ့ cyanogenic နှင့်amygdalinတို့ပါဝင်ပါတယ်။

အစာခြေဖျက်တဲ့ စနစ်ထဲမှာ ဇီဝကမ္မဖြစ်စဉ်အရဖြစ်ပေါ်တဲ့အခါ ဒီဓာတုဗေဒအရာတွေဟာ မြင့်မားတဲ့ အဆိပ်ဖြစ်တဲ့ hydrogencyanide အဖြစ်ပြောင်းလဲသွားပါတယ်။သေစေနိုင်လာက်တဲ့ Hydrogencyanide တွေဟာဆိုရင် မိနစ်ပိုင်းအတွင်းမှာကိုသေစေနိုင်ပါတယ်။

ါပေမယ့်လည်း ဝမ်းသာစရာတစ်ခုက ပန်းသီးစေ့ကြောင့်သေဆုံးခြင်းဆိုတဲ့ ပြသနာတွေဟာ တကယ်ကိုဖြစ်နိုင်ဖို့အလားအလာမရှိဖူးဆိုတဲ့ အကြောင်းပြချက်တွေ အများကြီးရှိလို့နေပါတယ်။ပထမတစ်ချက်က Amygdalinဟာ အစေ့တစ်စေ့လုံး ကြေကြေညက်ညက်ဖြစ်သွားအောင် ဝါးပြီးမှ ထွက်ပေါ်လာတာဖြစ်ပြီးတော့တစ်စေ့လုံး မကြေညက်တဲ့ အစေ့တွေဆိုရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။

ဒုတိယအချက်က လူသားတွေရဲ့ ခန္ဓာကိုယ်ဟာ HCN လို့ခေါ်တဲ့ Hydrogen Cyanide ကိုသေးငယ်တဲ့ပမာဏဖြစ်အောင်ပြုပြင်ပြောင်းလဲပစ်လိုက်နိုင်ပါတယ်။ဒါကြောင့် ဝါးထားတဲ့အနည်းငယ်သော အစေ့တွေဟာဆိုရင် လုံးဝကို အန္တရာယ်မဖြစ်စေနိုင်ပါဘူး။နောက်ဆုံးအချက်ကတော့ အရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်ပန်းသီးစေ့မှာပါဝင်တဲ့ ဆိုင်ယာနိုဒ် အဆိပ်သင့်ဖို့ဆိုရင်တော့အစေ့ပေါင်း ၁၅၀ကနေ ထောင်ပေါင်းများစွာသော ပန်းသီးစေ့တွေကိုကြေညက်အောင် ဝါးစားဖို့ လိုအပ်မှာဖြစ်ပါတယ်။

အစေ့ပမာဏအရေအတွက်ဟာ ပန်းသီးအမျိုးအစားပေါ်လည်း မူတည်ပါသေးတယ်။ပြောချင်တာကတော့ ပန်းသီးအစေ့အတွက်နှင့် အဆိပ်သင့်ဖို့ဆိုတာအတော်လေးကိုမှဖြစ်နိုင်ချေနည်းတယ်လို့ ဆိုချင်တာဖြစ်ပါတယ်။ဒါကြောင့် တစ်စုံတစ်ယောက်ဟာ ပန်းသီးအူတိုင် ၁၈ခုလောက်ကအစေ့တွေကို လုံးစေ့ပတ်စေ့ စေ့စေ့စပ်စပ် သေသေချာချာ ဝါးစားတာမှ တစ်ပါး သူတို့တွေ အဆင်ပြေနေနိုင်ပါသေးတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*