
ပန်းရနံ့တွေကို ရှုရှိုက်ကြည့်နေတဲ့ ရှဉ့်ကလေးရဲ့ပုံကို ၂နာရီအချိန်ယူပြီး ရိုက်ကူးခဲ့ရတဲ့ ဓာတ်ပုံဆရာ
ကျွန်တော်ဆို သဘာဝအလှတွေ၊ တောရိုင်းတိရိစ္ဆာန်တွေရဲ့ပုံတွေကို ရိုက်ကူးရတာ ဝါသနာပါတယ်။ ဒါပေမဲ့ ရိုက်ပြီးတိုင်း ပုံကိုပြန်ကြည့်တဲ့အခါမှာ မလှမပဖြစ်တာကြောင့် စိတ်မချမ်းမသာဖြစ်ရတယ်။
အခုဖော်ပြပေးမဲ့ ဓာတ်ပုံဆရာတစ်ယောက်က ရှဉ့်ရဲ့ ထူးဆန်းတဲ့လုပ်ရပ်တစ်ခုကို အချိန်အကြာကြီးယူပြီး ရိုက်ကူးခဲ့တာပါ။Netherlands နိုင်ငံမှာ နေထိုင်တဲ့ Dick Van Duijn အမည်ရှိ ဓာတ်ပုံဆရာက တောထဲမှာရှိတဲ့ ရှဉ့်တွေကို ရိုက်ကူးဖို့ ဗီယက်နမ်နိုင်ငံ၊ Austria ကို သွားလည်ခဲ့ပါတယ်။
Van Duijn က အဝါရောင်ဒေဇီပန်းကို စစ်ဆေးနေတဲ့ ရှဉ့်လေးရဲ့ တခဏတာ အချိန်ကို အမိအရ ဖမ်းယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နမ်းဖို့ ဒေဇီပန်းကို ဆွဲနေတဲ့ ရှဉ့်လေးရဲ့ပုံကို နမ်းနေတဲ့အချိန်နဲ့ တထပ်ကျအောင် ဖမ်းယူနိုင်တဲ့အခါမှာ အချိန်ကုန်ရကျိုးနပ်ခဲ့ပါတယ်။ သူက အဲ့ဒီအရာတွေကို ဖမ်းယူနိုင်ဖို့ ၂နာရီလောက် အချိန်ယူရပါတယ်။
”အဲ့ဒီဓာတ်ပုံတွေက သဘာဝအလှတရားတွေရှိတဲ့နေရာတွေ ၊ အပြင်ကိုမကြာမကြာထွက်လည်ဖို့ လူတွေကို inspire ဖြစ်စေလိမ့်မယ်လို့ မျော်လင့်ပါတယ်။ သဘာဝအလှတွေက ပြီးဆုံးခြင်းမရှိဘူး၊ ဒါကြောင့် ကျွန်တော့်ရဲ့ ဓာတ်ပုံတွေကိုလည်းကို ပိုစိတ်ဝင်စားစရာကောင်းတဲ့ ပုံစံတွေနဲ့ ဆက်လက်ရိုက်ကူးပါဦးမယ်။”
လို့ Van Duijin က ပြောခဲ့ပါတယ်။ Van ရဲ့ အမိအရရိုက်ကူးထားတဲ့ ရှဉ့်ရဲ့ ပုံလေးတွေကိုကြည့်ပြီး စာဖတ်သူတွေ အံ့သြသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။
Leave a Reply