ပန်းခြံထဲတွင် ကလေးတွေဆော့ကစားသည့် လျှပ်စစ်နဂါးရုပ်ကြီးကို အိမ်သို့စီးပြန်ခဲ့သောကြောင့် အဖမ်းခံခဲ့ရသည့် အသက်၇၆နှစ်အရွယ်အဖွား

ပန်းခြံထဲတွင် ကလေးတွေဆော့ကစားသည့် လျှပ်စစ်နဂါးရုပ်ကြီးကို အိမ်သို့စီးပြန်ခဲ့သောကြောင့် အဖမ်းခံခဲ့ရသည့် အသက်၇၆နှစ်အရွယ်အဖွား

တရုတ်နိုင်ငံမှ အသက်၇၆နှစ်အရွယ်ရှိပြီဖြစ်သော အဖွားအိုတစ်ဦးဟာ ကလေးများစီးသည့် လျှပ်စစ်နဂါးရုပ်ကို စီးလို့ အဖမ်းခံရသည့်အကြောင်းဟာ အလွန်လူပြောများနေခဲ့ပါတယ်။အမှန်တကယ်လည်း အဖွားအိုဟာ ပန်းခြံထဲတွင် အစိုးရမှထားရှိသော ကလေးဆော့ကစားသည့် လျှပ်စစ်နဂါးရုပ်စီးစရာတစ်ခုကို ညအချိန်တွင် နေအိမ်သို့ စီးပြန်ခဲ့တာဖြစ်ပါတယ်။

အဖွားဟာ Jiangsuပြည်နယ် Suzhouမြို့တွင် တွင်နေထိုင်သူဖြစ်ပြီး အဖမ်းခံခဲ့ရသည့်အချိန်တွင် အဖွားဟာ သူမယူစီးရသည့်အကြောင်းကို ရှင်းပြခဲ့ပါတယ်။အဖွားဟာ ခြေထောက်မသန်တော့ကြောင်းနှင့် သားဖြစ်သူမှ လာကြိုမည်ဆိုသော်လည်း အလုပ်မအားသောကြောင့် လာမကြိုနိုင်ခြင်းဖြစ်ပါတယ်။

ထို့ကြောင့် နေအိမ်သို့ပြန်ရန်အတွက် လျှပ်စစ်အရုပ်ကြီးကို စီးပြီးအိမ်ပြန်ရန် ရွေးချယ်ခဲ့ရခြင်းဖြစ်တယ်ဟု သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*