
ပန်းချီဆွဲဖို့ အခက်တွေ့နေခဲ့ပေမဲ့ သူ့ရဲ့ပန်းချီလက်ရာဖြင့် စားသောက်ဆိုင်အား အလှဆင်ပေးဖို့ ဌားရမ်းခံခဲ့ရတဲ့ ၉နှစ်အရွယ်ကောင်လေး
အသက် ၉ နှစ်အရွယ် Joe Whale အမည်ရှိကောင်လေးဟာ ပန်းချီဆွဲရတာကို အရမ်းကြိုက်ပေမဲ့ စာသင်ခန်းထဲမှာ doodling ပန်းဆွဲဆွဲဖို့အတွက် အမြဲ အခက်တွေ့နေခဲ့ရပါတယ်။ Joe ဖခင်ရဲ့အဆိုအရ Joe ဟာ ပန်းချီဆွဲရတာကို အရမ်းကြိုက်သူပါ။သူဟာ အသက် ၄နှစ်အရွယ်ကတည်းက ပါရမီရှင်မှတ်ပုံတင်ခြင်းမှာ ပါဝင်ခဲ့ပါတယ်။
မိဘတွေက သူ့ရဲ့ထူးချွန်တဲ့အနုပညာစွမ်းရည်ကို သတိထားမိလာတဲ့အခါ သူ့အား after-school drawing class သင်တန်းမှာ စာရင်းသွင်းပေးခဲ့ကြပါတယ်။ထို့နောက် Joe ရဲ့ဆရာမကလည်း သူ့ရဲ့အရည်အချင်းကို သတိပြုမိသွားခဲ့ပြီး Instagram မှာ မျှဝေပေးခဲ့ကာ ၁.၅ သန်းကျော်တဲ့ view များနှင့် comment များကို ရရှိခဲ့ပါတယ်။
၎င်းကို England နိုင်ငံ Shrewsbury မြို့မှာတည်ရှိတဲ့ ‘ Number 4 ’ စားသောက်ဆိုင်ရှိ ဝန်ထမ်းများက သတိထားမိခဲ့ကြပြီး သူတို့ရဲ့စားသောက်ဆိုင်နံရံတွေပေါ်ရေးဆွဲပေးရန် Joe အား ဌားရမ်းခဲ့ကြပါတယ်။ Joe ဟာ နံရံကို သရုပ်ဖော်ပြဖို့ အချိန် ၁၂ နာရီခန့် ကြာမြင့်ခဲ့ပါတယ်။ဖခင်ဖြစ်သူကလည်း နံရံပေါ်က ပန်းချီကို အပြီးသတ်နိုင်ဖို့ ကျောင်းချိန်ပြီးတာနဲ့ Joe အား စားသောက်ဆိုင်သို့ ပို့ပေးခဲ့ရပါတယ်။စားသောက်ဆိုင်ပိုင်ရှင်ကလည်း Joe အား နံရံပေါ်ကို သူ့စိတ်တိုင်းကျရေးဆွဲခွင့်ပြုထားပါတယ်။ယခုအချိန်မှာတော့ Joe ကို Doodle Boy လို့ လူသိများနေပါပြီ။
“သူတို့က Joe ကို သူတို့ရဲ့စားသောက်ဆိုင်ထဲကို ဝင်စေချင်ခဲ့ကြပြီး သူတို့ရဲ့နံရံပေါ်မှာ အနုပညာအပိုင်းအစတစ်ခုပြီးမြောက်အောင် လုပ်ပေးစေချင်ကြတယ် ၊ ပြီးတော့ အဲ့ဒီနေရာက သူတို့ရဲ့အဓိကစားသောက်ခန်းမကြီးဖြစ်နေတယ် ” လို့ Joe ရဲ့ဖခင် Greg က ဂုဏ်ယူစွာနဲ့ The Metro သို့ ပြောကြားခဲ့ပါတယ်။လက်ရှိ Joe ဟာ ကိုယ်ပိုင် website တစ်ခုလည်း ရှိနေပါပြီ။
ဖခင်ဖြစ်သူက Joe ဟာ တကယ့်ကို ထူးချွန်တဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး ကျောင်းမှာလည်း စာတော်သလို အားကစားမှာလည်း ကျွမ်းကျင်သူဖြစ်ကြောင်း ၊ သို့ပေမဲ့ ပန်းချီဆွဲခြင်းက Joe ရဲ့ အထူးချွန်ဆုံးအနုပညာတစ်ခုဖြစ်ကြောင်းကို ထပ်မံ ချီးကျူးပြောဆိုခဲ့ပါသေးတယ်။
#7
#8
#9
#10
#11
#12
#13
#14
#15
#16
#17
#18
#19
#20
Leave a Reply