ပထမအိမ်ထောင်ရေး ပျက်ပြားသွားပြီးနောက် အမျိုးသားသုံး ဦး နဲ့ လက်ထပ်ယူခဲ့တဲ့ အမျိုးသမီး

ပထမအိမ်ထောင်ရေး ပျက်ပြားသွားပြီးနောက် အမျိုးသားသုံး ဦး နဲ့ လက်ထပ်ယူခဲ့တဲ့ အမျိုးသမီး

ယူဂန်ဒါနိုင်ငံ၊ အူဂူဂါရာ မြို့က အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ် ဦးဟာ သူမရဲ့ပထမအိမ်ထောင်ရေး ပျက်ပြားသွားပြီးနောက် အမျိုးသားသုံး ဦး နဲ့ လက်ထပ်လိုကြောင်း အမျိုးသားသတင်းခေါင်းကြီးပိုင်းမှာ ရေးသားခဲ့ပါတယ်။ ယူဂန်ဒါရှိ Teso အသိုင်းအဝိုင်း မှခရစ်ယာန်သင်းအုပ်ဆရာရဲ့ သမီးဖြစ်သူ အန်းဂရေ့စ်အာဂူတီဟာ ခင်ပွန်း ၃ဦး လက်ထပ်ယူရန်ဆုံးဖြတ်ခဲ့ပါတယ်။ သူမတို့အသိုင်းအဝိုင်းရဲ့ ထုံးတမ်းစဉ်လာအရ ယောက်ျားအများအပြား နဲ့ လက်ထပ်ထားတာဟာအပြစ်မဟုတ်ကြောင်း ဆိုထားပါတယ်။

အန်းဂရေ့စ်အာဂူတီဟာ အရင်က သူမရဲ့ပထမ ခင်ပွန်းသည်ကို အကြီးအကျယ် စိတ်ပျက်မိပြီး သူမက “ အိမ်ရှင်မအနေဖြင့် ကျွန်မရဲ့လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်ပြီး နူးညံ့သိမ်မွေ့တဲ့ခင်ပွန်းသည် ကိုသာလိုချင်ခဲ့တယ် “လို့ ဆိုခဲ့ပါတယ်။ သို့သော် ပထမခင်ပွန်းက လုံးဝအသုံးမကျသောကြောင့် သူမကစွန့်ခွာသွားခဲ့ပါတယ်။ “ ကျွန်မယောက်ျားက အသုံးကိုမကျဘူး။ ကျွန်မ သူ့ကို စွန့်ခွာသွားတဲ့အချိန်မှာ အဲဒီလိုကျွန်မအပေါ်ကောင်းတဲ့ လူတစ်ယောက်ကို ကျွန်မရှာခဲ့တယ်၊ ဒါပေမယ့် ကျွန်မ မတွေ့သေးဘူး၊ ဒါကြောင့် ကျွန်မရဲ့ရှာဖွေမှုကို ဆက်လုပ်သွားဦးမှာပါ” လို့ အာဂူတီ က Sunday Vision သတင်းဌာနမှာ ပြောကြားခဲ့ပါတယ်။

ဒါကြောင့်လည်း သူမဟာ နောက်ထပ် အမျိုးသားသုံးဦးနဲ့ လက်ထပ်ခဲ့လိုက်ပါတယ်။ သို့သော် အာဂူတီက သူမရဲ့ ခင်ပွန်းသုံးယောက်နဲ့ အတူ နေမ‌နေဆိုတာ သူမရဲ့ ရွေးချယ်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အာဂူတီရဲ့ ခင်ပွန်းသုံး ဦး ဖြစ်တဲ့ အငြိမ်းစားရဲဌာနမုဆိုးဖို ရစ်ချတ်အဲလစ် ၊ အတော်လေးသာယာဝပြောတဲ့ တောင်သူလယ်သမားဂျွန်ပီတာအိုလူကာ နဲ့ အကြီးတန်းဘွဲ့ မိုက်ကယ်အဲန်ယာကူ တို့အားလုံးဟာ တဲအိမ်ခြောက် မှာ အာဂူတီက နေထိုင်စေခဲ့ပါတယ်။ သူတို့အားလုံးက အစားအစာများကို အတူတူစားသုံးပြီး အာဂူတီရဲ့ညွှန်ကြားချက်အတိုင်း နာခံရန် ပြောဆိုခဲ့ပါတယ်။

သူတို့သုံးယောက်စလုံးဟာ သူမရဲ့အိမ်ထောင် ဦးစီးအဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ ထိုဖြစ်စဉ်ရဲ့ပြဿနာကတော့ ရစ်ချက်အဲလစ် နဲ့ ဂျွန်ပီတာအိုလူကာ တို့နှစ်ဦးက အာတီဂူရဲ့ ပြောဆိုချက်ကို ငြင်းဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်မှာ မိုက်ကယ်အဲန်ယာကူကတော့ သူမ နေခိုင်းတဲ့ တဲကိုပြန်ပြောင်းသွားခဲ့ပါတယ်။ နွားထီးများရောင်းခြင်းဖြင့်အသက်မွေးဝမ်းကျောင်းပြုသူ အန်းဂရေ့စ်အာဂူတီဟာ သူမရဲ့စတုတ္ထမြောက်ကလေး နဲ့ အတူ ခြောက်လသား ကိုယ်ဝန်ရှိနေခဲ့ပါတယ်။ မိုက်ကယ်အဲန်ယာကူ က တာဝန်ယူခဲ့ပေမဲ့လည်း ၎င်းကလေးရဲ့ဖခင်ဟာ မည်သူဆိုတာမသိခဲ့သေးပါဘူး။

 

Be the first to comment

Leave a Reply

Your email address will not be published.


*