
ပထမဆုံးချိန်းတွေ့သည့်နေ့တွင် ချစ်သူကောင်မလေးက သူငယ်ချင်း၅ယောက်ကို ခေါ်လာပြီး ဈေးကြီးသည့်အစားအစာများကို မှာစားပြီး ပြန်သွားခဲ့လို့ ကြေကွဲခဲ့ရတဲ့ ချာတိတ်
စာဖတ်သူများထဲမှ လူအချို့တို့သည် မိမိတို့၏ ချစ်သူများနှက့် ပထမဆုံးချိန်းတွေ့ခဲ့သည့် အချိန်လေးတွေကို အမှတ်တရရှိနေသေးကြမယ်လို့ ထင်မှတ်မိပါတယ်။သာမန်အားဖြင့် များစွာသောချစ်သူစုံတွဲတို့သည် ပထမဆုံးချိန်းတွေ့သည့်အချိန်လေးတွင် ဆိုင်တစ်ခုခု၌ နှစ်ယောက်တည်းအစားအတူတူစားပြီး စကားများပြောဆိုကြသည်မှာ များပြားလှပေသည်။
ယခုတွင်လည်း ကောင်လေးတစ်ဦးဟာ သူ၏ပထမဆုံးချိန်းတွေ့သည့် အတွေ့အကြုံလေးကို ကြေကွဲစွာဖြင့် ဖွင့်ဟသွားခဲ့ပါတယ်။ဗီယက်နမ်မှကောင်လေးဟာ ချစ်သူကောင်မလေးနှင့် ပထမဆုံးချိန်းတွေ့မည်ဖြစ်သောကြောင့် စကားများပြောရင်း အမုန့်အတူတူစားမည်ဟု မျှော်လင်ခဲ့ပါတယ်။
သို့သော်လည်း လက်တွေ့တွင် ကောင်မလေးဟာ သူငယ်ချင်း၅ဦးနှင့်အတူ ရောက်လာခဲ့ပြီး ဆိုင်၏ စျေးကြီးဆုံးသော အစားအစာများကိုသာ စားသောက်ပြီး ပြန်သွားခဲ့ပါတယ်။ကောင်လေးဟာတော့ စကားပင်မပြောနိုင်ဘဲ တစ်ယောက်တည်းကျန်နေခဲ့ရပြီး စားသောက်ထားသည်များကို ရှင်းပြီးပြန်လာခဲ့ရပါတယ်။
Leave a Reply