ပထမဆုံးချိန်းတွေ့သည့်နေ့တွင် ဟော့ပေါ့အတူတူစားခဲ့ကြပြီးနောက် ကောင်လေးဖြစ်သူဟာ စားလို့ကျန်သည့်ဟော့ပေါ့များကို ထုပ်ပြန်ခဲ့သည့်အတွက် လမ်းခွဲခဲ့သည့် ကောင်မလေး

ပထမဆုံးချိန်းတွေ့သည့်နေ့တွင် ဟော့ပေါ့အတူတူစားခဲ့ကြပြီးနောက် ကောင်လေးဖြစ်သူဟာ စားလို့ကျန်သည့်ဟော့ပေါ့များကို ထုပ်ပြန်ခဲ့သည့်အတွက် လမ်းခွဲခဲ့သည့် ကောင်မလေး

ရည်စားထားခဲ့ပြီး ပထမဆုံး ချိန်းတွေ့ရသည့်အချိန်လေးဟာ စုံတွဲတိုင်းအတွက် ပျော်ရွင်စရာအကောင်းဆုံးနှင့် ကြည်နူးစရာအကောင်းဆုံးဖြစ်ပါတယ်။ယခုတွင်လည်း တရုတ်နိုင်ငံတွင် စုံတွဲတစ်တွဲဟာ လိုင်းပေါ်မှတစ်ဆင့် ချစ်သူတွေဖြစ်ခဲ့ကြပြီး အပြင်တွင် ပထမဆုံးအကြိမ်ချိန်းတွေခဲ့ကြပါတယ်။

ချိန်းတွေ့သည့်နေ့လေးတွင် ဟော့ပေါ့အတူတူစားပြီးသည်နှင့် ရုပ်ရှင်ကြည်ရန်စီစဥ်ထားခဲ့ကြပါတယ်။တကယ်လက်တွေ့တွင်တော့ ကောင်လေးဟာ ဟော့ပေါ့အတူတူစားပြီးနောက် ရုပ်ရှင်ပင် အတူတူမကြည့်လိုက်ရဘဲ လမ်းခွဲခံလိုက်ရပါတယ်။

အကြောင်းကတော့ သူတို့စုံတွဲဟာ ဟော့ပေါ့စားပြီးနောက် ကောင်လေးဟာ စားပွဲထိုးဖြင့် စားလို့ကျန်သည်များကို အိတ်ဖြင့်ထုပ်ပေးလိုက်ရန် စေခိုင်းလိုက်သောကြောင့်ဖြစ်ပါတယ်။
ထို့ကြောင့် ကောင်မလေးဟာ စိတ်ပျက်သွားခဲ့ပြီး လမ်းခွဲလိုက်တာဖြစ်ပါတယ်။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*