
ပထမဆုံးကျောင်းစတတ်သည့် သားငယ်လေးကို စာသင်ခန်းထဲတွင် ငိုနေမည်စိုးရိမ်သောကြောင့် အိမ်သို့မပြန်သေးဘဲ သား၏အခြေအနေကိုစောင့်ကြည့်နေသေးသည့် ဖခင်၏မေတ္တာ
မိဘတို့သည်ကား သားသမီးတို့၏ မီးရှူးတန်ဆောင်ပင်ဖြစ်ပြီး စွမ်းအင်မကုန်ခမ်းနိုင်အောင် သားသမီးတို့ဘဝတစ်လျောက်လုံးကို အလင်းရောင်ပေနေမည့်စူများဖြစ်ကြပေသည်။မိဘတို့သည် ကလေးမမွေးဖွားမည်အချိန်တည်းကပင် သားသမီးတို့အတွက် အရာရာတွေးပူပေးနေကြပြီဖြစ်ပေသည်။
မွေးဖွားပြီးချိန်တွင်လည်း သားသမီးတို့၏ အနာဂတ်အတွက် စဥ်းစားပေးကြရသည်။သားသမီးတို့ အနေဖြင့် အသိပညာ အတတ်ပညာများကို သင်ယူနိုင်စေရန် အတွက်လည်း ကျောင်းတော်ကြီးဆီသို့ ကိုယ်တိုင်ပို့ဆောင်ပေးကြသည်။
စာသင်ကျောင်းတွင်လည်း သားသမီးတို့ ပျော်ရွင်ခြင်းမရှိမည်ကို စိုးရိမ်နေခဲ့သောကြောင့် နောက်မှခိုးကြည့်နေရသည့်အဖြစ်ကို စာဖတ်သူတို့လည်း မြင်ဖူးကြပေလိမ့်မည်။ယခုတွင်လည်း ဖခင်တစ်ဦး၏ သားလေးစာသင်နေစဥ် ငိုနေမည်ကို စိုးရိမ်သောကြောင့် ခိုးကြည့်နေခဲ့ရသည့် အဖြစ်လေးမှာ နှလုံးသားလေးကို အရည်ပျော်စေခဲ့ရပါတယ်။
Leave a Reply