
ပတ်ဝန်းကျင်က သမီးဖြစ်သူနှင့် အမွှာညီမဟုပင် ထင်ရလောက်သည်အထိ အရွယ်တင်နုပျိုကာ ချောမောလှပလွန်းသည့် အမျိုးသမီး
လူသားတိုင်းသည် အသက်အရွယ်ကြောင့် ရရှိလာသော အိုမင်းရင့်ရော်ခြင်းကို အံတုနိုင်ရန်မှာ မဖြစ်နိုင်ကြပေ။
အလှအပတို့သည် လူသားတိုင်းအတွက် မက်မောနေရသော အရာတစ်ခုဖြစ်သော်လည်း အချိန်တစ်ခဏသာ အလှအပကို ထိန်းသိမ်းနိုင်ကြပေသည်။
သို့သော်လည်း ဂျပန်နိုင်ငံမှ Ayumi Kawabataဆိုသည့်အမျိုးသမီးသည် အမြဲတမ်းလှပနေသော သဘာဝကပေးသည့် အလှတရားကြီးကို ရရှိထားပေသည်။
သူမဟာ သမီးဖြစ်သူနှင့် အပြင်ထွက်သည့်အခါမျိုးတွင် ပတ်ဝန်းကျင်က မိခင်ဟု မထင်မှတ်ဘဲ သမီးဖြစ်သူ၏ ညီမဟုပင် အထင်ခံရသည်အထိ နုပျိုနေခဲ့သည်။
အမှန်တကယ်တကယ်တွင်တော့ သူမဟာ အသက်၄၀အရွယ်ကို ရောက်ရှိနေပြီဖြစ်ပြီး သမီးဖြစ်သူနှင့် အသက်၂၂အထိပင်ကွာဟနေသေးသည်။
ထိုအမျိုးသမီးဟာ ၂၀၁၁ခုနှစ်တွင်လည်း ဂျပန်နိုင်ငံ၏ Miss Universဆုကို ရရှိထားခဲ့ဖူးသူတစ်ဦးလည်း ဖြစ်ပေသည်။
စာဖတ်သူတို့လည်း သူမကဲ့သို့ အရွယ်တင်နုပျိုမှုလေးကို ရရှိနိုင်ပါစေလို့ ဆုတောင်းပေပါတယ်နော်။
Leave a Reply