ပစ္စည်းပိုင်ရှင် မိန်းမအတွက် သူခိုးထားခဲ့တဲ့ ကြေကွဲစရာစာတစ်စောင်

လူတစ်ယောက် သင့်ဆီကတစ်ခုခုခိုးသွားတဲ့အခါ အခိုးခံရတဲ့ပစ္စည်းကိုယ့်ဆီ ပြန်ရောက်လာလိမ့်မယ်လို့ မထင်မှတ်ထားဘူးမလား။ပိုက်ဆံနဲ့တောင်းပန်စာ တစ်စောင်ကိုယ့်ဆီရောက်လာဖို့ဆိုတာ ဝေးသာဝေးပေါ့။

ကလေး၄ယောက်အမေ Chrissy Marie ဆီရောက်လာတဲ့ ၅ဒေါ်နဲ့တောင်းပန်စာကို မတ်လ ၃ရက်နေ့က ဖေ့စ်ဘုတ်ပေါ်တင်ခဲ့တယ်။စာမှာရေးထားတာက ”အစ်မတို့ဆင်ဝင်မှာချိတ်ထားတဲ့ မောင်းတီးလုံးကိုကျွန်တော်ဖြုတ်ယူသွားမိတဲ့အတွက် တောင်းပန်ပါတယ်..ကျွန်တော့်အမေဆုံးသွားတော့ ညီ်မလေးကစိတ်အားငယ်နေတယ်..သူ့အတွက် ပြတင်းပေါက်မှာ ချိတ်ပေးထားချင်လို့ပါ..တောင်းပန်ပါတယ် ကျွန်တော်တတ်နိုင်သလောက်ပိုက်ဆံပေးလိုက်ပါတယ်.. စိတ်မဆိုးပါနဲ့…- ဂျိတ်”

အခု Chrissyက ကောင်လေးကိုရှာချင်နေတယ်.. သူ့ကိုအပြစ်မပေးဘူး အဲ့ဒီအစားလက်ဆောင်ပေးချင်တယ်လို့ သူမကပြောပါတယ်။ ဂျိတ်ဆီသို့ Chrissy ပြန်ပို့ထားတဲ့စာက”ဟုတ်ပါပြီ ဂျိတ်.. မင်းဘယ်သူလဲ ငါမသိဘူးမင်းပိုက်ဆံပြန်လာယူနိုင်ပါတယ်..ငါ့မှာ မောင်းတီးလုံးသုံးခုတောင်ရှိပါတယ်ကွယ်”အမေဖြစ်သူက ဂျိတ်နဲ့သူ့ညီမလေးကို မောင်းတီးလုံးလေးတွေပေးခဲ့ချင်ပုံရပါတယ်။သူတို့အမေကို မှတ်မိနေစေမယ့် အမှတ်တရပစ္စည်းပေါ့။

”စိတ်မဆိုးပါဘူး.. ငါတို့အိမ်ကိုနောက်တစ်ခါလောက်ပြန်လာခဲ့ပါ””မိဘကိုဆုံးရှုံးရတဲ့ခံစားချက်ကို သိပ်သိတာပေါ့။ငါ၅နှစ်တုန်းက အမေဆုံးသွားပြီး ..မကြာဘူး လွန်ခဲ့တဲ့၆နှစ်က အဖေကိုပါဆုံးရှုံးလိုက်ရတယ်။ဘဝမှာ မိဘကိုဆုံးရှုံးလိုက်ရတဲ့လူတွေက ကံမကောင်းတဲ့လူတွေပေါ့ ”လို့ Chrissy က ထပ်ဖြည့်ပြောထားပါတယ်။ Chrissyရဲ့ဖေ့ဘုတ်စ်မှာ တုံ့ပြန်မှုတွေက အပေါင်းလက္ခဏာဆောင်နေပါတယ်။လူတွေကလည်းဂျိတ်ရဲ့ခက်ခဲနေတဲ့အခြေအနေကို ၀ိုင်းပြီးထောက်ပံ့ပေးချင်ကြတယ်။

တချို့လူတွေကလည်း ”ပြဿနာကောင်”လို့ မကောင်းဘက်ကတွေးပြီးမှတ်ချက်ပေးတယ်။”သူကျွန်မဆီက ခိုးသွားတာဟုတ်ပေမယ့် အမှန်တိုင်းသူပြောပြခဲ့ပါတယ်..သူ့ညီမကိုမနာကျင်စေတဲ့စိတ်ကြောင့် ဒီလိုလုပ်ခဲ့တာပါ”လို့ Chrissyက ပြန်ရှင်းပြထားတယ်။ Kidspot သတင်းအရ ဂျိတ်ခုထိပြန်မလာသေးဘူးလို့သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*