ပင်ပန်းဆင်းရဲလှသော မိဘများအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေအနည်းငယ်ရရှိစေရန် လမ်းဘေးတွင် သခွားသီးလေးတွေ ထိုင်ရောင်းနေခဲ့သည့် ကလေးငယ်လေး

ပင်ပန်းဆင်းရဲလှသော မိဘများအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေအနည်းငယ်ရရှိစေရန် လမ်းဘေးတွင် သခွားသီးလေးတွေ ထိုင်ရောင်းနေခဲ့သည့် ကလေးငယ်လေး

မိဘများ၏ ပင်ပန်းဆင်းရဲနေမှုကို ကူညီနိုင်ရန်အတွက် ကြိုးစားနေခဲ့သော အသက်၈နှစ်အရွယ် ကလေးငယ်လေး၏ စိတ်မကောင်းစရာ ပုံရိပ်လေးများဟာ လိုင်းပေါ်သို့ ပျံနှံလာခဲ့ပါတယ်။သာမန်အားဖြင့် အသက်၈နှစ်အရွယ်ဆိုသည်မှာ ကစားရန်နှင့် အိပ်ရန်လောက်သာ သိသေးပြီး မိဘတို့၏ အခက်အခဲကိုပင် ဘာမှမသိသေးသူများဖြစ်ပေသည်။

သို့သော်လည်း ဗီယက်နမ်မှ ကလေးငယ်လေးဟာ အသက်၈နှစ်အရွယ်တွင် လမ်းဘေး၌ သခွားသီးလေးတွေရောင်းပြီး ဝင်ငွေရှာနေပြီဖြစ်ပါတယ်။ကလေးငယ်လေးဟာ ရောင်းရတဲ့ငွေလေးတွေကို ရေတွက်နေခဲ့ပြီး ပျော်ရွင်နေခဲ့ပါတယ်။အချို့လူများကတော့ ကလေးငယ်ကို အသုံးချပြီး အခြားသူများက ငွေရှာနေခဲ့တယ်လို့ ဆိုနေကြပါတယ်။

သို့သော်လည်း ကလေးငယ်လေးဟာ မိဘတို့၏ ပင်ပန်းဆင်းရဲမှုကို ကူညီနိုင်ရန်အတွက်သာ ရိုးသားစွာဖြင့် လမ်းဘေးလေးတွင် ရောင်းချနေခြင်းဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*