ပင်ပန်းဆင်းရဲစွာဖြင့် ကားမှတ်တိုင်များတွင် ပန်းကုံးလေးများ လိုက်လံရောင်းချနေသော အသက်၉၉နှစ်အရွယ်အဖွားအိုကို ပိုက်ဆံအတုပေးသွားခဲ့သည့် လူတစ်ဦး

ပင်ပန်းဆင်းရဲစွာဖြင့် ကားမှတ်တိုင်များတွင် ပန်းကုံးလေးများ လိုက်လံရောင်းချနေသော အသက်၉၉နှစ်အရွယ်အဖွားအိုကို ပိုက်ဆံအတုပေးသွားခဲ့သည့် လူတစ်ဦး

အသက်၉၉အရွယ်ရှိနေပြီဖြစ်သော အဖွားအိုကို ရက်စက်ယုတ်မာမှုတစ်ခုကို တရုတ်နိုင်ငံမှ ကားမှတ်တိုင်တစ်ခုတွင် ဖြစ်ပျက်ခဲ့ပါတယ်။အဖွားဟာ ပန်းကုံးလေးများကို ရောင်းချနေသည်မှာ ၁၀နှစ်ကျော်လာခဲ့ပြီဖြစ်ပေသည်။

သူမသည် မြို့၏ ဆင်းရဲလှသော ရက်ကွက်တွင် အိမ်အခန်းလေးငှားရန်းကာ နေထိုင်ပြီး ပန်းများရောင်းချရန်အတွက် မနက်စောစောထကာ ကားမှတ်တိုင်များသို့ သွားရောက်ရပါတယ်။အဖွားဟာ သူနေသောနေရာနှင့် ကားမှတ်တိုင်ကိုသွားရန် ၃နာရီမျှ လမ်းလျှောက်ရသည်ဟုလည်း သိရပါတယ်။

အဖွားကို အချို့လူများကလည်း ပန်းများကို ဝယ်ယူပြီး ကူညီကြသကဲ့သို့ အချို့သည်လည်း မနက်စာများကို ကျွေးမွေးကာ စောင့်ရှောက်ပေးတတ်ကြသည်ဟု ဆိုပါတယ်။သို့သော်လည်း လူတစ်ယောက်ဟာ အဖွားအိုကို ယွမ်၁၀၀အတုပေးပြီး ပန်းများကို ဝယ်ယူသွားခဲ့သည်ဟု ဝမ်းနည်းဖွယ်ပြောပြလာခဲ့ပါတယ်။

အဖွားကတော့ ထိုပိုက်ဆံဟာ ဆင်းရဲသားများကို ဒုက္ခရောက်စေနိုင်သောကြောင့် မီးရှို့ပစ်ခဲ့တယ်ဟု ဆိုပါတယ်။

Zawgyi






Be the first to comment

Leave a Reply

Your email address will not be published.


*