နှာခေါင်းခွဲစိတ်ကုသမှုပြုလုပ်ပြီးနောက်မှ နားရွက်အစိတ်အပိုင်းတစ်ခုပျောက်ဆုံးနေမှန်း သတိထားမိခဲ့တဲ့ မိန်းကလေး

တရုတ်နိုင်ငံ Chengdu မြို့ရဲ့ဆေးရုံတစ်ခုမှာ မကြာသေးမီက နှာခေါင်းခွဲစိတ်ပြုပြင်မှုပြုလုပ်ခဲ့တဲ့ အသက် ၃၁နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ သူမဆီကခွင့်ပြုချက်မရဘဲ သူမရဲ့နားရွက်အရိုးနုကို ဖယ်ရှားပစ်လိုက်တာကြောင့် ရှော့ရသွားခဲ့ပါတယ်။Zhao အမည်ရှိတဲ့အဆိုပါအမျိုးသမီးဟာ စက်တင်ဘာလ ၁ရက်နေ့က Chengdu မြို့ရှိ Angel Wing ဆေးရုံမှာ လွန်ခဲ့တဲ့၅နှစ်အတွင်းဒုတိယအကြိမ်အဖြစ် နှာခေါင်းခွဲစိတ်မှုပြုလုပ်ခဲ့တာပါ။သူမဟာ ခွဲစိတ်မှုမှာ အဆင်ပြေခဲ့ပေမဲ့ ၄ရက်မြောက်နေ့မှာတော့ မှန်ကြည့်ရင်း သူမညာဘက်နားရဲ့စက်ဝိုင်းပုံအရိုးနု ပျောက်နေတာကို သတိထားမိခဲ့ရပြီး အဲ့ကိစ္စနဲ့ပတ်သက်ပြီးလည်း သူမဘာမှမသိခဲ့လိုက်ရပါဘူး။

အဲ့တာနဲ့ Zhaoက ဆေးရုံဝန်ထမ်းတွေကို သူမနားကိစ္စမေးမြန်းလိုက်တော့ အဲ့ဒါဟာ ပုံမှန်လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်ပြီး သူမက နှာခေါင်းခွဲစိတ်မှုအတွက် အရိုးနုကို အသုံးပြုမယ်ဖြစ်ကြောင်း ဖော်ပြတဲ့သဘောတူညီချက်တစ်ခုကို လက်မှတ်ထိုးခဲ့ခြင်းကြောင့် အဆိုပါသူမရဲ့ခွင့်ပြုချက်ကိုသာ ရယူခဲ့ကြောင်းသာ ပြန်ပြောခဲ့ပါတယ်။Zhaoလည်း လူနာရဲ့အသွင်အပြင်ကို ဂရုမစိုက်ဘဲ နားရွက်အရိုးနုကို နှာခေါင်းခွဲစိတ်ကုသမှု လုပ်ထုံးလုပ်နည်းအတွက် အသုံးပြုပစ်ခဲ့တဲ့ ပလပ်စတစ်ဆာကျူရီဆိုင်ရာ ကျွမ်းကျင်သူနဲ့တိုင်ပင်ပြုလုပ်ခဲ့မိကြောင်း တရုတ်သတင်းတစ်ခုကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။

ဒါပေမဲ့ Angel Wing ဆေးရုံရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အဆိုပါနားအရိုးနုက အာရုံကြောဆုံးရှုံးမှုဆိုင်ရာရောဂါ ဖြစ်ပေါ်စေနိုင်ကြောင်းသာ ဆိုခဲ့ပါတယ်။Zhaoက သူမရဲ့နားရွက်က အရှက်ရစရာဖြစ်နေပြီး နားကြပ်လည်းသုံးမရတော့တာကြောင့် အပြည့်အဝပြန်အမ်းငွေ ပြန်လိုချင်ကြောင်း ညည်းညူပြောဆိုနေခဲ့ပါတယ်။အဆိုပါဆေးရုံနဲ့Zhaoတို့ကြားပဋိပက္ခမှာ ရဲတပ်ဖွဲ့များဝင်ရောက်စွက်ဖက်ရမယ့်အငြင်းပွါးမှုအထိဖြစ်ပေါ်လာစေခဲ့ပြီး သူတို့ကိစ္စဟာ အခုအချိန်ထိ မဖြေရှင်းနိုင်သေးပါဘူး။

Be the first to comment

Leave a Reply

Your email address will not be published.


*