နှာခေါင်းကို ခွဲစိတ်ပြုပြင်ခဲ့ပြီးနောက် ထူးဆန်းစွာဖြင့် နားရွက်တစ်ဖက်က အရိုးနုလေး ပျောက်ဆုံးနေ၍ အံ့အားသင့်သွားသော မိန်းကလေး

နှာခေါင်းကို ခွဲစိတ်ပြုပြင်ခဲ့ပြီးနောက် ထူးဆန်းစွာဖြင့် နားရွက်တစ်ဖက်က အရိုးနုလေး ပျောက်ဆုံးနေ၍ အံ့အားသင့်သွားသော မိန်းကလေး

ယနေ့ခေတ်တွင် ငွေသာရှိရင် ကိုယ်လိုချင်သော ခန္ဓာကိုယ် အစိတ်အပိုင်းအား ခွဲစိတ်ပြီး ပြောင်းလဲနိုင်သည်။ခွဲစိတ်မှုသည် အရမ်းအန္တရာယ်များလွန်း၍ မတော်တဆ အသက်ပါထိခိုက်သွားစေနိုင်သည်။သို့သော်လည်း အချို့သောသူများမှာ အလှအပအတွက် အသက်နဲ့ရင်းပြီး ပြောင်းလဲခွဲစိတ်ကြသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံ Chengduပြည်နယ်ရှိ Angel Wing ဆေးရုံတွင် Zhaoအမည်ရှိသော အသက် ၃၁နှစ်အရွယ် မိန်းကလေးတစ်ယောက်သည် သူမဧ။် နှာခေါင်းအား ခွဲစိတ်ကုသမှု ခံယူခဲ့သည်။

ခွဲစိတ်မှုသည် အောင်မြင်ခဲ့ပြီး ထိုဆေးရုံတွင် ခွဲစိတ်ရခြင်းသည် ကောင်းမွန်၍ အိမ်ပြန်ရောက်ပြီး လေးရက်အကြာတွင် မှန်ကိုကြည့်လိုက်ရာ ထူးဆန်းသော ဖြစ်ရပ်တစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။ထိုအရာမှာ ခွဲစိတ်မှုအပြီး နားရွက်တစ်ဖက်သည် ချုပ်ရိုးများနှင့်အတူ အရိုးနုလေး ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ပြီး အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။

ထို့ကြောင့် ဆေးရုံသို့ ချက်ချင်း အကြောင်းကြားခဲ့ပြီး လျော်ကြေးငွေနှင့် သူမဧ။်နားအား ပြန်လည်ခွဲစိတ်ပေးရန် တောင်းဆိုခဲ့သည်။

Zawgyi

ႏွာေခါင္းကို ခြဲစိတ္ျပဳျပင္ခဲ့ၿပီးေနာက္ ထူးဆန္းစြာျဖင့္ နား႐ြက္တစ္ဖက္က အ႐ိုးႏုေလး ေပ်ာက္ဆုံးေန၍ အံ့အားသင့္သြားေသာ မိန္းကေလး

ယေန႔ေခတ္တြင္ ေငြသာရွိရင္ ကိုယ္လိုခ်င္ေသာ ခႏၶာကိုယ္ အစိတ္အပိုင္းအား ခြဲစိတ္ၿပီး ေျပာင္းလဲႏိုင္သည္။ခြဲစိတ္မႈသည္ အရမ္းအႏၲရာယ္မ်ားလြန္း၍ မေတာ္တဆ အသက္ပါထိခိုက္သြားေစႏိုင္သည္။သို႔ေသာ္လည္း အခ်ိဳ႕ေသာသူမ်ားမွာ အလွအပအတြက္ အသက္နဲ႔ရင္းၿပီး ေျပာင္းလဲခြဲစိတ္ၾကသည္။

သို႔ျဖစ္၍ တ႐ုတ္ႏိုင္ငံ Chengduျပည္နယ္ရွိ Angel Wing ေဆး႐ုံတြင္ Zhaoအမည္ရွိေသာ အသက္ ၃၁ႏွစ္အ႐ြယ္ မိန္းကေလးတစ္ေယာက္သည္ သူမဧ။္ ႏွာေခါင္းအား ခြဲစိတ္ကုသမႈ ခံယူခဲ့သည္။

ခြဲစိတ္မႈသည္ ေအာင္ျမင္ခဲ့ၿပီး ထိုေဆး႐ုံတြင္ ခြဲစိတ္ရျခင္းသည္ ေကာင္းမြန္၍ အိမ္ျပန္ေရာက္ၿပီး ေလးရက္အၾကာတြင္ မွန္ကိုၾကည့္လိုက္ရာ ထူးဆန္းေသာ ျဖစ္ရပ္တစ္ခုႏွင့္ ႀကဳံေတြ႕ခဲ့ရသည္။ထိုအရာမွာ ခြဲစိတ္မႈအၿပီး နား႐ြက္တစ္ဖက္သည္ ခ်ဳပ္႐ိုးမ်ားႏွင့္အတူ အ႐ိုးႏုေလး ေပ်ာက္ဆုံးေနသည္ကို ေတြ႕ရွိခဲ့ၿပီး အလြန္အမင္း ထိတ္လန႔္တုန္လႈပ္သြားခဲ့ရသည္။

ထို႔ေၾကာင့္ ေဆး႐ုံသို႔ ခ်က္ခ်င္း အေၾကာင္းၾကားခဲ့ၿပီး ေလ်ာ္ေၾကးေငြႏွင့္ သူမဧ။္နားအား ျပန္လည္ခြဲစိတ္ေပးရန္ ေတာင္းဆိုခဲ့သည္။

Be the first to comment

Leave a Reply

Your email address will not be published.


*