နှလုံးရောဂါရှိသော မိန်းကလေးနှင့် ကင်ဆာရောဂါရှိသော ကောင်လေးတို့ဧ။် ဝမ်းနည်းကြေကွဲဖွယ် အချစ်ဇာတ်လမ်း
နှလုံးရောဂါရှိသော မိန်းကလေးနှင့် ကင်ဆာရောဂါရှိသော ကောင်လေးတို့ဧ။် ဝမ်းနည်းကြေကွဲဖွယ် အချစ်ဇာတ်လမ်း
သေခြင်းတရားဆိုသည်မှာ မည်သူမျှ ရှောင်လွဲ၍ မရသော ကံကြမ္မာတစ်ခုဖြစ်ပြီး မိမိချစ်ရသော သူများကို ဘယ်တော့မှ ပြန်မဆုံနိုင်သည့် အဖြစ်ကို ကြုံတွေ့သူများအတွက် မည်သို့ ဝမ်းနည်းကြေကွဲလိမ့်မည်ကို တွေးမိရင်းစာနာမိပါသည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ Thio Lyအမည်ရှိသော မိန်းကလေးနှင့် Hoai Ngoc Nam အမည်ရ ကောင်လေးတို့သည် လိုင်းပေါ် ကနေ သိရှိခဲ့ပြီး တစ်ဦးနှင့်တစ်ဦး ကြုံတွေ့ရသော အခက်အခဲများကို ဖလှယ်ရင်း သံယောဇဉ်ဖြစ်လာပြီး ချစ်သွားကြသည်။Ly သည် နှလုံးရောဂါခံစားနေရပြီး နေ့တိုင်း ဆေးသောက်ရကာ တစ်လတစ်ခါ ဆေးရုံသွားပြီး စစ်ဆေးမှုများကို ပုံမှန် လုပ်ဆောင်နေရသည်။
ထိုအချိန်တွင် Namသည်လည်း ကင်ဆာရောဂါ နောက်ဆုံးဆင့်ကို ရောက်ရှိနေပြီဖြစ်သော်လည်း ချစ်သူကောင်မလေးအား ပျော်ရွှင်မှုတွေ မရှိတော့မည်ကို စိုးရိမ်ကာ မပြောပြပဲ နှုတ်ပိတ်နေခဲ့သည်။Namသည် သူ့အတွက် နေရမည့် အချိန်မကျန်တော့သည်ကို သိနေ၍ ချစ်သူမိန်းကလေး lyအား မသေခင် လက်ထပ်ချင်ခဲ့၍ လက်စွပ်လေးနှင့်အတူ တောင်းခံခဲ့ပြီး နှစ်ယောက်လုံး ပျော်ရွှင်သည့်နေ့ရက်များအဖြစ် ဖြတ်သန်းခဲ့သည်။
Namသည် သူဧ။်နောက်ဆုံးရက်များတွင် ကင်ဆာရောဂါရှိသော ကလေးများတက်ရောက်နေသည့် ဆေးရုံတွင် သွား၍ အလှူလုပ်ခဲ့သေးသည်။နောက်ဆုံး Namသည် ၂၇နှစ်အရွယ်မှာပဲ ချစ်ရသူများကို ခွဲခွာသွားရတော့သည်။
Zawgyi
Be the first to comment
Leave a Reply
Your email address will not be published.
*