
နှစ် ၇၀၀ သက်တမ်းရှိတဲ့ဂူကို ဇိမ်ခံအိမ်အဖြစ်သို့ပြောင်းလဲလိုက်တဲ့ အမျိုးသားတစ်ဦး
United Kingdom ရှိ အသက် ၃၇ နှစ်အရွယ် Angelo Mastropietro အမည်ရှိအမျိုးသားတစ်ဦးဟာ အသက် ၂၉ နှစ်အရွယ်လောက်က အာရုံကြောစနစ်ယိုယွင်းမှုကြောင့် ကိုယ်လက်လှုပ်ရှားမှု၊စကားပြောဆိုမှုစတဲ့ ခန္ဓာကိုယ်ကိုထိန်းမနိုင်ဖြစ်တဲ့(MS) ရောဂါတစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ရပါတယ်။Angelo ရဲ့ MS ရောဂါလက္ခဏာက စိတ်ဖိစီးမှုနှင့်ကျန်းမာရေးနှင့်မညီညွတ်တဲ့ လူနေမှုပုံစံတွေကြောင့်ဖြစ်ပါတယ်။Angelo ဟာ ရောဂါရှာဖွေတွေ့ရှိပြီးနောက် သူ့ခန္ဓာကိုယ်အား ငြိမ်သက်အေးချမ်းစွာနေထိုင်နိုင်မဲ့ နေအိမ်အသစ်တစ်လုံးကို လိုချင်သွားခဲ့ပါတယ်။
Angelo ဟာ အဆိုပါဂူကို ဒေါ်လာ ၉၅,၀၀၀ ၀န်းကျင် ဖြင့်ပေး၀ယ်ခဲ့ပြီး ပြန်လည်ပြုပြင်မှုအတွက် ဒေါ်လာ ၁၅၃,၀၀၀ ကျော် အထိသုံးစွဲခဲ့ပါတယ်။ Angelo ဟာ အိမ်ဆောက်စီမံကိန်းတစ်ခုလုံးနှင့်လက်တွဲခဲ့ပေမဲ့ သူကိုယ်တိုင်လည်း အရာအားလုံးကိုကူညီရန် အလိုရှိခဲ့ပါတယ်။သိုပေမဲ့ ရောဂါမရှိသူတစ်ဦးအနေနဲ့ ၎င်းအလုပ်မျိုးက ပြဿနာများစွာမရှိပေမဲ့ သူ့အတွက်က အလွန်ခက်ခဲပြီးအသက်အန္တရာယ်ပါရှိနိုင်တာကြောင့် လူဌားပြီး အဆိုပါ ဂူကို ပြန်လည်ပြုပြင်ခဲ့ရပါတယ်။
Angelo ဟာ အဆိုပါဂူရဲ့အတွင်းပိုင်းကို တောက်ပစေရန်အဖြူရောင်ဆေးသုတ်ခြင်းကို အသုံးပြုခဲ့သလို အဆိုပါဂူဟာ ခေတ်သစ်လူနေမှုဘ၀ကို အကောင်းဆုံးဖြစ်စေပြီး ကျွန်တော်တို့ရဲ့ လူ့အရင်းအမြစ်များသို့ ပြန်လည်ရောက်ရှိစေပါတယ်။Angelo က ကြမ်းအောက်မှာ အပူပေးစနစ်ကိုပါတပ်ဆင်ထားပြီး ၎င်းကအအေးမိတဲ့ဆောင်းတွင်းနံနက်ခင်းတွေအတွက် အသုံးဝင်ပါစေမှာပါ။အိမ်တစ်အိမ်လုံးမှာ လျှပ်စစ်မီး၊ ရေပေးဝေမှုနှင့် wi-fi လည်းပါရှိပါသေးတယ်။
#5
#6
#7
#8
#9
#10
#11
Leave a Reply