
ကောင်မလေးတစ်ယောက်ရဖို့ သူ့ရဲ့six packတွေကိုပြရင်း ထူးဆန်းပြီးရယ်စရာကောင်းတဲ့ဗီဒီယိုအမျိုးမျိုးရိုက်ကူးခဲ့တဲ့Timstarအမည်ရှိတဲ့ YouTuberတစ်ဦးဟာ နှစ်ပေါင်းအတော်ကြာရည်းစားရှာခဲ့ပြီးနောက် ကောင်မလေးတစ်ယောက်တွေ့ခဲ့ပြီး အခုတော့ သူတို့စေ့စပ်သွားခဲ့ကြပါပြီ။Timmy Sun ခေါ် Timstarဟာ သူ့ကောင်မလေးနဲ့သူ့ရဲ့ချစ်သူရည်းစားဘဝနဲ့ ဘယ်လိုစေ့စပ်ခဲ့ရတဲ့အကြောင်းကို Facebook ပေါ် မျှဝေထားပါတယ်။
“ပြန်လိုချင်ရင် ချစ်ခွင့်ပန်တတ်ဖို့လည်းလိုတယ် အငြင်းအခုံများတဲ့ဆက်ဆံရေးကနေ ထွက်ဖို့ Sijia Wang (သူ့သတို့သမီး)နဲ့ လမ်းခွဲခဲ့ပြီးနောက် တစ်ပတ်အကြာမှာတော့ နောက်တစ်ခေါက်တစ်ကိုယ်တည်းသမားပြန်ဖြစ်ရတာဘယ်လောက်ခက်ခဲတယ်ဆိုတာကို ငါနားလည်သဘောပေါက်သွားခဲ့တယ် ငါတစ်ယောက်တည်းဆောက်တည်မရဖြစ်ခဲ့တယ် အိပ်ယာထဲလည်းအထီးကျန်နေပြီး အစားစာတဲ့နေရာတွေလည်း ဗလာဖြစ်နေသလို ခံစားခဲ့ရတယ် အဲဒီအရာတွေက ငါသူ့ကိုဘယ်လောက်ချစ်လည်းဆိုတာ သိသာစေတယ် ဒီတော့ ငါသရုပ်နည်းနည်းဆောင်ပြီး သူ့ကိုပြန်တွေ့ရဖို့ စတင်စဉ်းစားခဲ့တယ်”လို့ ပြောပြခဲ့ပါတယ်။
အဲ့ဒီနောက် Timmyဟာ သူ့ရည်းစားဟောင်းနဲ့ပြန်ပေါင်းထုတ်နိုင်ဖို့ အစီအစဉ်တွေစဆွဲခဲ့ပါတော့တယ်။Timmyဟာ တစ်နေ့တိုင်း ညတိုင်း ရည်းစားဟောင်းကို စာတွေအဆက်မပြတ်ပေးပို့ခဲ့ပြီးသူမအပေါ် ကတိသစ္စာတရားတွေပါပြသခဲ့ပါတယ်။ဒါပေမဲ့ သူမက စာတွေသာဝင်ဖတ်ပေမဲ့ replayလုံးဝမပြန်ခဲ့ပါဘူး။ရည်းစားဟောင်းက စိတ်နာနေမှန်းသိသိနဲ့ သူဟာ အရှုံးမပေးဘဲရှေ့ဆက်တိုးခဲ့ပါတယ်။
အဲ့လိုနဲ့ လတွေကြာလာတော့ ဆောင်းဦးရာသီပွဲတော်ညတစ်ညမှာ Timmyဟာ bubble teaသောက်ဖို့ ရည်စားဟောင်းကို အပြင်ခေါ်ထွက်ခဲ့ပြီး ချစ်ခွင့်ပန်ခဲ့ကာ သူမက ချက်ချင်းလက်ခံခဲ့ပါတယ်။”သူမက ကျွန်တော့်ကို bubble teaထက် ပိုချစ်နေသေးတယ်”လို့လည်း ဆိုထားပါတယ်။Timmyဟာ သူ့ရည်းစားချုပ်နည်းအကြောင်းရဲ့နောက်ဆုံးပိတ်စကားအဖြစ် သူ့ပရိသတ်တွေကို “မင်းကိုမင်းယုံကြည်လိုက်ပါ ငါလုပ်နိုင်ရင် မင်းတို့လည်း လုပ်နိုင်ရမယ်”လို့ဆိုခဲ့ပါတယ်။
အတော်လေးချစ်ဖို့ကောင်းတဲ့အတွဲလေးပါ။ကောင်းပါပြီ စာဖတ်သူတို့အထဲ တစ်ကိုယ်တည်းသမားတွေရှိခဲ့ရင်လည်း လက်မလျော့ပစ်လိုက်ဘဲ Timmyရဲ့နည်းလမ်းစဉ်အတိုင်း လိုက်လုပ်ကြည့်လိုက်ပါ။
Leave a Reply