
မလေးရှားနိုင်ငံ အနောက် Lombok ရှိ ဆယ်ကျော်သက်လူငယ်တစ်ဦးဟာ သီတင်း နှစ်ပတ်အတွင်း မိန်းကလေးနှစ်ယောက်ကို လက်ထပ်ခဲ့လို့ လူအများရဲ့အာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ်။မလေးရှားနိုင်ငံ အနောက်ဘက် Lombok မှာ ကျင်းပခဲ့တဲ့သူတို့ရဲ့မင်္ဂလာပွဲဟာ မြို့ပြကြီးအထိ သတင်းပျံ့နှံ့သွားခဲ့ပါတယ်။
Kompas.com ရဲ့အဆိုအရ အသက် ၁၈နှစ်အရွယ် အဆိုပါကောင်လေးဟာ ကျောင်းသူတစ်ယောက်နဲ့ လက်ထပ်ထားပြီးသားဖြစ်ပါတယ်။အဆိုပါကောင်လေးရဲ့ ဖခင်ဖြစ်သူက သူ့သားရဲ့မင်္ဂလာပွဲကို ဘာသာရေးရုံးကို အကြောင်းကြားခြင်းမရှိဘဲ ရိုးရာအစဉ်အလာအတိုင်းလက်ထပ်ခဲ့ကြောင်းဆိုခဲ့ပါတယ်။
သို့ပေမဲ့ လက်ထပ်ပြီး တစ်ပတ်အကြာမှာ သားဖြစ်သူကို လက်ထပ်ချင်တဲ့ကောင်မလေးတစ်ယောက်က သူ့မိဘတွေနဲ့ အိမ်ကို ရောက်ချလာတော့ သူ့တို့မှာ ရှော့ရသွားခဲ့ကြောင်းလည်း ဆိုထားပါတယ်။“ကျွန်တော် အိပ်နေတုန်း ကောင်မလေးမိသားစုက အိမ်ရောက်လာပြီး သူတို့သမီးကို ကျွန်တော့သားနဲ့ ပေးစားဖို့ အတင်းတောင်းဆိုနေတော့ ကျွန်တော် ဇနီးက လန့်သွားခဲ့ရတယ် ၊
ကျွန်တော်တို့လည်း သဘောတူပေးလိုက်ပါတယ် ၊ အဲ့ဒီနောက် ကျွန်တော်တို့ကဘဲ အကုန်တာဝန်ယူပေးခဲ့တယ် “လို့ ဖခင်ဖြစ်သူက Kompas.com သတင်းကို ပြောကြားခဲ့ပါတယ်။ထို့နောက် သားဖြစ်သူရဲ့ ဒုတိယမင်္ဂလာပွဲကို ရင်းဂစ် ၁သန်း ဖိုးဖြင့်ပြုလုပ်ပေးခဲ့ပြီး ဇနီးနှစ်ယောက်နဲ့အတူ အဆိုပါ ဆယ်ကျော်သက်ကောင်လေးရဲ့မင်္ဂလာပွဲရဲ့စုစုပေါင်းစရိတ်ဟာ ရင်းဂစ် သန်း ၅၀ နီးပါး ကုန်ကျခဲ့ကြောင်း ဖခင်ဖြစ်သူက ပြောပြခဲ့ပါသေးတယ်။
နှစ်ပတ် အတွင်း နှစ်ယောက်ဆိုတော့ အဲ့ကောင်လေးနား စော်ကြည်ဆေးဘဲ သွားတောင်းရမလို ဖြစ်နေပါပြီဗျာ။
Leave a Reply