နှစ်စဥ်နှစ်တိုင်း သူ့ရဲ့ ကယ်တင်ရှင်နဲ့ တွေ့ဆုံရန် မိုင်ပေါင်း ၅၀၀၀ ရေကူးလာခဲ့ရတဲ့ ပင်ဂွင်း

နှစ်စဥ်နှစ်တိုင်း သူ့ရဲ့ ကယ်တင်ရှင်နဲ့ တွေ့ဆုံရန် မိုင်ပေါင်း ၅၀၀၀ ရေကူးလာခဲ့ရတဲ့ ပင်ဂွင်း

အသက် ၇၃ နှစ်ရှိ ဇီဝဗေဒပညာရှင် Joao Pereira de Souza ဟာ ကမ်းခြေက ကျောက်တုံးကြီး‌ပေါ်သေလုနီးပါးဖြစ်နေတဲ့ ပင်ဂွင်းကိုတွေ့ရှိခဲ့ပါတယ် ။ ထိုသူက ပင်ဂွင်းငှက်ကို သူ့အိမ်သို့အလျင်အမြန်ခေါ်သွားပြီး ကျန်းမာရေးပြန်ကောင်းလာအောင် ကုသပေးခဲ့ပါတယ် ။ ပင်ဂွင်းပြန်ကျန်းမာလာပြီးနောက် ဒီအဘိုးက သူ့ကိုပင်လယ်ထဲပြန်လွှတ်လိုက်ပါတယ် ။

ဒါပေမဲ့ Joao က သူ့ရဲ့လုပ်ရပ်ဟာ ပင်ဂွင်းနဲ့ တစ်သက်တာဆက်နွယ်မှုရှိလိမ့်မယ်လို့မထင်ခဲ့ပါဘူး ။ ပင်ဂွင်းငှက်ဟာ နောက်နှစ်မှာ ကမ်းခြေကို ပြန်လာပြီး Joao ကို ချက်ချင်းမှတ်မိရာ သူနဲ့ အတူအိမ်ပြန်ခဲ့ပါတယ် ။ ထိုအချိန်မှစပြီး ပင်ဂွင်းငှက်ဟာ နှစ်စဉ်နှစ်တိုင်းပြန်လာခဲ့ပြီး သူ့ရဲ့ကယ်တင်ရှင်နဲ့ တွေ့ဆုံရန် မိုင် ၅၀၀၀ အထိရေကူးလာခဲ့ရပါတယ် ။

Globob TV နဲ့ အင်တာဗျူးတစ်ခုမှာ Joao က“ ပင်ဂွင်းကို ငါ့ကလေးလိုပဲငါချစ်တယ် ပင်ဂွင်းလည်း ငါ့ချစ်တယ်လို့ယုံကြည်တယ်” ဆိုပြီး ပြောလိုက်ပါတယ် ။ ဇီဝဗေဒပညာရှင် Joao Paulo Krajewski က သူတို့တွေ သိပ်ရင်းနှီးတဲ့နှောင်ကြိုးက အထင်ကြီးလေးစားခဲ့ရပါတယ် ။ သူက ထိုကဲ့သို့သောဆက်ဆံရေးမျိုးကိုတစ်ခါမှမတွေ့ဖူးကြောင်း Joao က ပြောခဲ့ပါသေးတယ် ။

#4

#5

#6

#7

#8

Be the first to comment

Leave a Reply

Your email address will not be published.


*