
နှစ်စဥ်နိုင်ငံခြားခရီးသည် ထောင်ပေါင်းများစွာက သူမရှိရာ ကျေးရွာသို့ လာရောက်ပြီး တက်တူးထိုးရသည်အထိပင် တစ်ဖက်ကမ်းခပ် ကျွမ်းကျင်လှသော အသက်၁၀၅နှစ်အရွယ် တက်တူးပညာရှင်
ပညာရှင်တို့မည်သည် မည်မျှပင် ခက်ခဲ့ကြမ်းတမ်းသောအခြေအနေသို့ရောက်ရှိနေပါစေ အောင်မြင်သော ပန်းတိုင်းဆီသို့ မလွဲမသွေရောက်ရှိမှာသေချာပါတယ်။ယခုတွင်လည်း Whang-od ဆိုသည့် အသက်၁၀၅နှစ်အရွယ် အဖွားအိုဟာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၏ မြောက်ဘက်သို့ နာရီးပေါင်း၁၅နာရီကြာ ကားမောင်းသွားရသော ရွာလေးတစ်ရွာမှာ နေထိုင်သူဖြစ်ပါတယ်။
အဖွားအို၏ရွာလေးဟာ လူဦးရေ၂၀၀ ကျော်သာရှိသော ရွာငယ်လေးဖြစ်ပါတယ်။ထိုသို့ကျေးလက်ဒေသမှ အဖွားအို၏ တက်တူးထိုးသည့်ပညာဟာ ဥရောပနိုင်ငံများတွင် လူတိုင်းလေးစာအားကျရလောက်အောင် နာမည်ကြီးသူဖြစ်ပါတယ်။
အဖွားအိုဟာ စက်ဖြင့်တက်တူးထိုးခြင်းမဟုတ်ဘဲ ရိုးရာနည်းလမ်းဖြင့် တက်တူးထိုးပေးတာဖြစ်ပါတယ်။နှစ်စဥ် လူဦးရောထောင်ပေါင်းများစွာသော နိုင်ငံခြားသားများဟာ အဖွားအို၏ရွာလေးသို့ လာရောက်တက်တူးထို့လေရှိကြပါတယ်။
Leave a Reply