နွမ်းပါးတဲ့ဝတ်စားဆင်ယင်မှုကြောင့် ကားပေါ်တက်ခွင့်မရတဲ့လူကိုကြည့်ပြီး အင်တာနက်သုံးစွဲသူများ စိတ်မကောင်းဖြစ်နေရ

နွမ်းပါးတဲ့ဝတ်စားဆင်ယင်မှုကြောင့် ကားပေါ်တက်ခွင့်မရတဲ့လူကိုကြည့်ပြီး အင်တာနက်သုံးစွဲသူများ စိတ်မကောင်းဖြစ်နေရ

ယနေ့ခေတ်လူ့အဖွဲ့အစည်းမှာ လူတွေက အပေါ်ယံအရေပြားလောက်ကိုပဲကြည့်ပြီး လူတစ်ယောက်ရဲ့ တန်ဖိုးကိုသတ်မှတ်လာကြတာတွေ့ရတယ်။လူတွေဟာ ပုံသေကားချပ်တစ်ခုလိုဖြစ်လာပြီး တစ်ခုခုဆို အကောင်းမြင်ဖို့ထက် အဆိုးဘက်ကိုပိုသာလာကြတယ်။ လူအချင်းချင်းခွဲခြားဆက်ဆံမှုတွေကလည်း တဖြည်းဖြည်းကျယ်ပြန့်လာပြီး လစ်လျုရှုမှုတွေများလာတယ်။ တစ်ချို့ဆို သူတို့နဲ့တန်းတူအရည်သွေးရှိနေရင်တောင် မကြိုက်တဲ့လူမျိုးတွေကရှိပါသေးတယ်။

အထက်ပါပုံတွင် Cordillerans လူမျိုးတွေမကြာခဏဝတ်တဲ့ ရိုးရာဝတ်စုံနဲ့လူတစ်ယောက်ဟာ ဘတ်စ်ကားစီးဖို့ စောင့်နေပေမယ့် အကြောင်းပြချက်တစ်ချို့ကြောင့် သူ့ကိုကားပေါ်ပေးမတက်ခိုင်းဘူး။

အင်တာနက်သုံးစွဲသူ Laurente Napeek ပြောစကားအရ ဦးလေးတစ်ယောက်ကားစီးဖို့စောင့်နေတာ တွေ့တယ်..ဒါပေမယ့် ကားပေါ်တက်ဖို့သူ့အလှည့်ရောက်တော့ သူ့ကိုချန်ပြီးကားထွက်သွားတယ်လို့ဆိုပါတယ်။

အခြားသတင်းဝက်ဆိုဒ်တွေကလည်း ဒီလူအကြောင်းကိုရေးလာကြတယ်။Villasis or Rosales မှ လူနာတစ်ယောက်ဆီ သူအလည်သွားဖို့ ကားစောင့်နေတာဖြစ်ပါတယ်။

Napeekက ဒီလူရဲ့ဝတ်စားဆင်ယင်မှုကြောင့် ကားပေါ်တက်ခွင့်မပေးတာဖြစ်နိုင်တယ်လို့ပြောတော့ အင်တာနက်သုံးစွဲသူတွေလည်း ဒေါသမီးတွေပေါက်ကွဲလာတော့တယ်။

အမျိုးသမီးတစ်ယောက်တင်ထားတဲ့ ပို့စ်မှာတော့ ကားပေါ်မှာလူတွေပြည့်နေလို့ .. လူထပ်တင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဖြေရှင်းထားတာတွေ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*