နံရံပေါ်ကထိတ်လန့်စရာကောင်းတဲ့အရုပ်ကြောင့် အိမ်ပြန်ပြောင်းရွေ့ရမလို ဖြစ်ခဲ့ရတဲ့ မိန်းကလေး

အမျိုးသမီးတစ်ဦးဟာ သူမအိမ်အသစ်ရဲ့မြေအောက်ခန်းနံရံမှာ အရုပ်ရဲ့မျက်နှာတစ်ခုကို တွေ့ပြီးနောက် အိမ်ပြန်ပြောင်းရွေ့ဖို့ စီစဉ်ခဲ့ရပါတယ်။သူမရဲ့အဖြစ်အပျက်ကို ညီမဖြစ်သူက Twitterမှာ သက်သေပြဖို့အတွက် ကျောချမ်းစရာကောင်းတဲ့အလှဆင်အရုပ်ရဲ့ဓာတ်ပုံအချို့ကို မျှဝေပေးခဲ့တာပါ။

”ငါ့အမ အိမ်အသစ်ကို ပြောင်းတော့ မြေအောက်ခန်းနံရံမှာ ဒီအရုပ်ကို တွေ့ခဲ့တယ်”လို့ တင်ပြီး အင်တာနက်အသုံးပြုသူတွေကို ခေါင်းစားသွားစေခဲ့ပါတယ်။

 

လူတစ်ယောက်က “အခု ချက်ချင်း အိမ်ပြောင်းပါ သူဘာလို့မြေအောက်ခန်းကို မစစ်ဆေးခဲ့တာလဲ”လို့ မှတ်ချက်ပေးခဲ့ပြီး အခြားတစ်ယောက်က အဆိုပါအရုပ်ရဲ့မျက်လုံးကို ကျဲပြလိုက်ပါသေးတယ်။အချို့ကလည်း အဆိုပါအရုပ်ကို နောက်ပြောင်ဖို့ သက်သက်သာဖြစ်ပြီး သူတို့ရဲ့အိမ်မှာ ၎င်းလို အလှဆင်ကြည့်မယ်လို့ နောက်ပြောင်ခဲ့ကြပါတယ်။

အချို့လူတွေကလည်း သူတို့ရဲ့အလားတူ ထူးဆန်းတဲ့အရုပ်နဲ့ဆိုင်တဲ့တွေ့ရှိမှုတွေကို မျှဝေခဲ့ကြပါတယ်။ထိုကဲ့သို့သော မှတ်ချက်များစွာကို လက်ခံရရှိခဲ့ပြီးနောက် အဆိုပါအမျိုးသမီးရဲ့ညီမက လူတိုင်းရဲ့ပြောချင်တာပြောနေကြတဲ့အဖြေတွေကြောင့် သူမရဲ့အစ်မအတွက် စိတ်အေးသွားစေမယ့်အဖြေမရခဲ့ဘူးလို့ ဆိုကာ နောက်ပြောင်ထားတဲ့လူအချို့ကို ပြန်ချေပြောခဲ့ပါသေးတယ်။

တစ်ကယ်တော့ အဆိုပါအရုပ်ကို မြေအောက်ခန်းကလေးငယ်လို့ခေါ်ပြီး ၆၀-၇၀ ပြည့်နှစ်လွန်နှောင်းပိုင်းလောက်က နယူးယောက် နဲ့ ကယ်လီဖိုနီးယား နှစ်နိုင်ငံလုံးမှာ အုတ်နံရံကြားအရုပ်ရဲ့အစိတ်အပိုင်းတွေကို ထည့်သွင်းတဲ့အယူတစ်ခုရှိခဲ့ပြီး အဆိုပါအရုပ်တွေအပါအဝင် အကြွေ့စေ့ ၊ သတင်းစာတို့ကိုလည်း ထည့်သွင်းထားတတ်ကြတာပါ။

၎င်းမြေအောက်ခန်းနံရံအရုပ်တွေကို သရဲကားတွေမှာ တစ်ခါတစ်ရံတွေ့ဖူးကြမှာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*