နေ့တိုင်း ၃မိုင်ခရီးကို လမ်းလျှောက်အလုပ်သွားရတဲ့ လူငယ်ကို ပိုက်ဆံစုပြီးကားဝယ်ပေးခဲ့ကြတဲ့ အိမ်နီးချင်းများ

အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ် (Texas) ၊ ရော့ဝဲလ်မြို့ (Rockwall) တွင် နေထိုင်တဲ့ အန်ဒီမစ်ရှယ် (Andy Mitchell) ဆိုသူ လူတစ်ယောက်ဟာ နေ့လည့်ခင်း ခြစ်ခြစ်တောက် ပူနေတဲ့အချိန်မှာ လမ်းပေါ်မှာ စားအသောက်ဆိုင်ယူနီဖောင်းနဲ့ လမ်းလျှောက်နေတဲ့ လူငယ်တစ်ဦးကို ကားကြုံစီးဖို့ ခေါ်တင်ခဲ့ပါတယ်။

အသင့်စား စားအသောက်ဆိုင် ယူနီဖောင်းနဲ့ လမ်းလျှောက်နေတဲ့သူဟာ အသက်၂၀ အရွယ် ဂျက်စတင်ကိုဗာ (Justin Korva) ဖြစ်ပြီး ကိုဗာဟာ အလုပ်နဲ့ အိမ်ကြား ၃ မိုင်ခန့်ဝေးတဲ့ခရီးကို အသွားအပြန် လမ်းလျှောက်နေသူတစ်ယောက်ဖြစ်ပါတယ်။ ကိုဗာတစ်ယောက်အခုလို အခုလို မညည်းမညူပဲ အလုပ်ကို ကြိုးစားလုပ်ကိုင်နေကြောင်း သိလိုက်ရတဲ့အခါ မစ်ရှယ်ဟာ ကိုဗာရဲ့စိတ်ဓာတ်ကို လေးစားပြီး Facebook ပေါ်မှာ Post တစ်ခု တင်ခဲ့ပါတယ်။

“လူတော်တော်များများဟာ အလုပ်လုပ်ချင်ပေမဲ့ အလုပ်ရှာမရဘူးတို့၊ စီးစရာကား မရှိဘူးလို့ ပြောတတ်ကြပါတယ်။ ဒါပေမဲ့ ကိုဗာရဲ့ အဖြစ်ကို ကြည့်ရင်း ကျွန်တော် မြင်လိုက်တာတစ်ခုကတော့ ဒီလို ဆင်ခြေတွေ ပေးနေတာဟာ သူတို့ အလုပ်တကယ်မလုပ်ချင်သေးလို့ပါပဲ ” လို့ရေးသားခဲ့ပါတယ်။

ရော့ဝဲလ်မြို့မှာနေထိုင်ကြတဲ့ လူတော်တော်များများဟာ မစ်ရှယ်ရဲ့ Facebook Post ကိုမြင်ခဲ့ကြပြီး အလုပ်ကို ခက်ခက်ခဲခဲ သွားလာနေရတဲ့ ကိုဗာအတွက် လှူဒါန်းခဲ့ရာ ၄၈ နာရီအတွင်းမှာပဲ ဒေါ်လာ ၅၅၀၀ ခန့် ရရှိခဲ့ပါတယ်။ ထိုနောက်မှာတော့ ရော့ဝဲလ်မြို့မှ စေတနာပြည့်ဝတဲ့ အိမ်နီးချင်းတွေဟာ လှူဒါန်းငွေများနဲ့ ၂၀၀၄ ခုနှစ်ထုတ် Toyota Camry ကားတစ်စီး ဝယ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့က မစ်ရှယ်နဲ့ လှူဒါန်းခဲ့ကြတဲ့ ရော့ဝဲလ်မြို့မှ လူများဟာ ကိုဗာရဲ့ အလုပ်ကို သွားခဲ့ကြပြီး အလုပ်ကြိုးစားလုပ်ကိုင်နေတဲ့ ကိုဗာကို ဆုချီးမြှင့်တဲ့အနေနဲ့ ကားပေးအပ်ခဲ့ကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*