
နေ့တိုင်း ပန်ဒါလေးတွေကို ပွေ့ဖက်ပေးရုံနဲ့ တစ်နှစ်ကို မြန်မာငွေ ၄၂၇ သိန်းနီးပါးရရှိနေတဲ့ မိန်းကလေး
ပန်ဒါလေးတွေကို နေ့တိုင်း စောင့်ရှောက်ရင် ဒေါ်လာ ၃၂,၀၀၀ (၄၂၇ သိန်း နီးပါး )ရမယ်ဆိုတာကို သင်ယုံကြည်မိပါသလဲ။၎င်းအသံက မှန်ကန်ဖို့ မလွယ်ကူပေမဲ့ တရုတ်နိုင်ငံရှိ ပန်ဒါကာကွယ်ရေးနှင့် သုတေသနစင်တာမှာ အမှန်တကယ် အလုပ်တစ်ခုဖြစ်နေပါတယ်။တရုတ်က ပန်ဒါတွေကို အထူးအလေးပေးထားကြတာကို လူတိုင်းသိမှာပါ။
အဆိုပါ အလုပ်မှာ မစ်ရှင်တစ်ခုတည်းသာရှိပါတယ်။“ ပန်ဒါတွေနဲ့ ၃၆၅ ရက်လုံးလုံး အတူနေပြီး ပန်ဒါတွေနဲ့ အတူ ပျော်ရွှင်မှုတွေကို မျှဝေပေးရမှာပါ ၊ ဒီအလုပ်အတွက် ဇွဲရှိဖို့တော့ လိုပါတယ် ၊ အလုပ်လျှောက်ထားလိုသူတွေက အထူးသဖြင့် မြို့သူမြို့သား တွေဖြစ်ရမယ် ၊ သူတို့က အလုပ်မှာ သူတို့စားချင်တာ ယူစားလို့ရတယ်
ဒါပေမဲ့ ပန်ဒါအခြေစိုက်စခန်းမှာတော့ အစားအစာက ရွေးချယ်စရာသိပ်မရှိဘူး” လို့ ၎င်းအလုပ်ရဲ့စည်းကမ်းချက်တွေကို China Daily က တစ်ဆင့်ဖော်ပြထားပါတယ်။ပန်ဒါကို တစ်နေ့လုံး နွေးထွေးစွာ ဆက်ဆံပေးပြီး ဂရုတစိုက် ပွေ့ဖက်ပေးရုံနဲ့တစ်နှစ်ကို ဒေါ်လာ ၃၂,၀၀၀(၄၂၇ သိန်း နီးပါး) အထိရမှာပါတဲ့လေ။
ဘယ်လောက် လွယ်ကူတဲ့အလုပ်လဲနော် ။ဒါပေမဲ့လည်း လုပ်ကြည့်မှ သိရမှာမို့ အကြောင်းမသိဘဲ ကြိုခန့်မှန်းထားလို့မရပြန်ပါဘူး။စာဖတ်သူတို့ကော ဒီအလုပ်ကို စိတ်ဝင်စားနေကြပြီမလား ။
Leave a Reply