နေ့တိုင်းလိုလို ခွေးလေးတွေကို အခမဲ့မုန့်များကျွေးလေ့ရှိသော ရေခဲမုန့်ရောင်းတဲ့ဦးလေး

နေ့တိုင်းလိုလို ခွေးလေးတွေကို အခမဲ့မုန့်များကျွေးလေ့ရှိသော ရေခဲမုန့်ရောင်းတဲ့ဦးလေး

ကျွန်တော်တို့အများစုက ခွေးတွေကို ချစ်မြတ်နိုးတဲ့သူတွေ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ထိုင်းနိုင်ငံ Ratchaburi ပြည်နယ်ရှိ ကြင်နာတက်တဲ့ ရေခဲမုန့်ရောင်းသူတစ်ဦးဟာ ခွေးငယ်လေးများကို အခမဲ့ရေခဲမုန့် ပေးဝေနေတာကို မြင်ရတော့ အလွန်ဝမ်းသာမိပါတယ်။

Facebook အသုံးပြုသူ တစ်ဦးက ရေခဲမုန့်ရောင်းသူ နဲ့ ခွေးသုံးကောင်တို့ရဲ့ နှလုံးနွေးထွေးဖွယ်ပုံပြင်ကို မျှဝေလိုက်ပါတယ်။ ဦးလေးဟာ ခွေးငယ်လေးများဖြစ်တဲ့ ဤခွေးသုံးကောင်ကို အခမဲ့ရေခဲမုန့်ပေးနေပါတယ်။ သူ့ရဲ့ ကုန်ကျစရိတ်တွေကို ဖြုန်းတီးနေတယ်လို့ မစဥ်းစားဘဲ အလှူသဘောနဲ့သာ ကျွေးခဲ့ပါတယ်။ Facebook အသုံးပြုသူက သူမဟာ သမီးငယ်အတွက် ရေခဲမုန့်ဝယ်ဖို့ ခေါ်လာပြီး ‌ရေခဲမုန့်ရောင်းသူက “ ခဏစောင့်ပေးပါ။

ကျွန်တော့် ဆီမှာ ဖောက်သည် အနည်းငယ်ရှိနေသေးတယ် ” လို့ Facebook အသုံးပြုသူကို ပြောခဲ့ပါတယ်။ Facebook အသုံးပြုသူက ပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိဘူး ဆိုတာကို သတိပြုမိတဲ့အခါ သူမ စိတ်ရှုပ်သွားပါတယ်။ သို့သော် ရုတ်တရက် ဦးလေးက “ ရေခဲမုန့်အဆင်သင့်ပါပဲ” လို့ ကျယ်လောင်စွာ အော်ခဲ့ပြီး ခွေးဖြူ ၃ ကောင်ဟာ သူတို့ ရေခဲမုန့်ရယူဖို့ လျင်မြန်စွာပြေးလာခဲ့ပါတယ်။

ဦးလေးဟာ “ ဒါတွေက ကျွန်တော့်ရဲ့ပုံမှန်ဖောက်သည်ပဲဖြစ်ပါတယ်။ သူတို့ကို ကျွန်တော် မုန့်ခမဲ့ပေးလေ့ရှိတယ်။ ပြီးတော့ အခုသူတို့ရေခဲမုန့် လိုချင်နေကြတာဖြစ်တယ်။ ” လို့ သူမကို ပြောပြခဲ့ပါတယ်။သူမက ရေခဲမုန့်စားရင်း နဲ့ “ခွေးတွေကို ဘာလို့ရေခဲမုန့် ပေးတာလဲ” လို့ ဦးလေးကိုမေးခဲ့ပါတယ်။ အဲ့ဒီနောက် သူက ” သူတို့ကိုကျွေးတာဟာ ကျွန်တော် အများကြီးဆုံးရှုံးမှာလဲ မဟုတ်ပါဘူး ” လို့ ပြန်ဖြေလိုက်ပါတယ်။

ဒီအဖြစ်အပျက်က စိတ်ဝင်စားစရာကောင်းတဲ့အတွက် Facebook သုံးသူ အမျိုးသမီးက ခွေးတွေအတွက် ရေခဲမုန့်ကုန်ကျစရိတ်ကို ပေးဖို့ ဆုံးဖြတ်ခဲ့လိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*