
အခုခေတ်လူနေမှုပုံစံက ကျန်းမာရေးနဲ့မညီညွှတ်ဘူး။အမြန်ရအစားစာတွေရယ်၊နေရာတိုင်းမှာ အိမ်အရောက်ပို့ဆောင်မှုတွေရှိနေတော့ ကိုယ်တိုင်သွားဝယ်စရာမလို…ဒီတော့ အဝလွန်လာတာပေါ့။ ၀ိတ်ကျ၊လေ့ကျင့်ခန်းတွေကို လူတိုင်းလိုက်မလုပ်နိုင်ကြတာတွေ့နေရတယ်..
ဘော်ဒီလည်းသာလှချင်တာ.. အလုပ်ကပင်ပန်းလို့..အချိန်မရှိလို့.. အစားမလျော့နိုင်လို့ များလှစွာသောဆင်ခြင်တွေနဲ့ လက်ရှိ ကိုယ့်ခန္ဓာကိုယ်,ကို အရမ်းညှာကြတယ်။ ဒီလိုလုပ်နေမယ်ဆို ကိုယ်အမြဲလိုချင်နေတဲ့ ဘော်ဒီဆိုဒ်မျိုး ဘယ်မှာရတော့မှာလဲ။
အခုပြောပြမယ့် တောင်ကိုရီးယားကျောင်းသူလေးက စီနီယာအထက်တန်းတက်တုန်းက အလေးချိန် ၁ဝဝကီလိုဂရမ်ရှိတယ်။ဘီယာသောက်လိုက် ကြက်ကြော်စားလိုက်နဲ့ တစ်နှစ်ကို ၂၄ကီလိုဂရမ်လောက်က အသာလေးတက်တယ်။
၀ိတ်တက်လာတော့ သူမကိုယ့်ကိုယ်ကိုယ်မနိုင်တော့တဲ့အထိဖြစ်လာတယ်။ သူမရဲ့နေထိုင်မှုပုံစံကို ပြောင်းလဲမှဖြစ်တော့မယ်လို့ သဘောပေါက်သွားတယ်။သူမက စားထားတဲ့ထမင်းတွေအဆီမစုနိုင်ဖို့အတွက် နေ့စဉ်ရေနွေး၅လီတာသောက်တယ်လို့ပြောပါတယ်။ အငန်အစားစာတွေကိုရှောင်ပြီး ပရိုတိန်းဓာတ်များတဲ့အစားစာနဲ့ အသီးရွက်တွေကို ညနေမှာ စားသုံးပါတယ်။
အမြဲလမ်းထွက်လျှောက်ပေးရတာကိုပျင်းရင် ၁ဝမိနစ်လောက်လေ့ကျင့်ခန်းလုပ်ပါတယ်။ ၂နှစ်အတွင်း ၁ဝဝကီလိုဂရမ်ကနေ ၄၉ကီလိုဂရမ်ထိပြောင်းလဲသွားတဲ့ သူမရဲ့အံ့သြစရာဗီဒီယိုကို ဖော်ပြပေးလိုက်ပါတယ်။
Leave a Reply