
နေအိမ်သို့အလည်လာမည့် ချစ်သူကောင်လေးအတွက် ကြက်ဥကြော်ပေးခဲ့သည့် ကောင်မလေး၏ အချက်ပြုတ်စွမ်းရည်ကို ထုတ်ကြွားခဲ့သည့်ကောင်လေး
ချစ်သူစုံတွဲတို့သည် လက်မထပ်ခင်အချိန်လေးများတွင် တစ်ဦးနှင့်တစ်ဦးတို့၏ ကြင်နာဂရုစိုက်မှုလေးများနှင့် အချစ်ဆိုသည့် အဓိပ္ပါယ်ကို ပိုမိုလေးနက်စေတတ်ကြသည်။ယခုတွင်လည်း ကောင်မလေးတစ်ဦး၏ ချစ်သူကောင်လေးအတွက် ချက်ပြုတ်ပေးခဲ့မှုဟာ လိုင်းပေါ်တွင် လူအများကို ရယ်မော သဘောကျစေခဲ့ရပါတယ်။
ကောင်လေးဟာ ချစ်သူကောင်မလေး၏ ဖိတ်ကြားချက်အရ ကောင်မလေး၏ နေအိမ်သို့သွားရောက်လည်ပတ်ခဲ့ပါတယ်။နေအိမ်သို့ရောက်သောအခါ ကောင်မလေးကြော်ထားပေးသည့် ကြက်ဥကြော်၏ လက်ရာကို မြင်တွေ့သွားခဲ့ရပါတယ်။
ကြက်ဥကြော်ပုံကို ကောင်လေးဟာ ဓာတ်ပုံရိုက်ပြီး သူ၏ကောင်မလေး၏လက်ရာကို ထုတ်ကြွားခဲ့ပါတယ်။ကြက်ဥကြော်ဟာ စားကောင်းမှုရှိမရှိတော့မသိရပါဘူး။မြင်တွေ့ရသူတွေအကုန်လုံးကတော့ ဘယ်နေရာမှ မရနိုင်သော အစားအသောက်ပုံစံမျိုးကို သဘောကျပြီး ကောင်မလေးကို ချီးကျူးနေကြပါတယ်။
Leave a Reply