နေအိမ်တစ်ခုထံမှ ရွှေငွေပစ္စည်းများကို ခိုးယူပြီး ချစ်သူကောင်မလေးအတွက် ဆိုင်ကယ်တစ်စီးကို လက်ဆောင်ဝယ်ပေးခဲ့သည့် ဆယ်ကျော်သက်ကောင်လေး အဖမ်းခံခဲ့ရ

နေအိမ်တစ်ခုထံမှ ရွှေငွေပစ္စည်းများကို ခိုးယူပြီး ချစ်သူကောင်မလေးအတွက် ဆိုင်ကယ်တစ်စီးကို လက်ဆောင်ဝယ်ပေးခဲ့သည့် ဆယ်ကျော်သက်ကောင်လေး အဖမ်းခံခဲ့ရ

ယခုအဖြစ်အပျက်လေးကတော့ ဗီယက်နမ်နိုင်ငံ Ha Tinh ပြည်နယ် Hong Linhမြို့တွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပါတယ်။ကောင်လေးတစ်ဦးဟာ သူ၏ချစ်သူကောင်မလေးကို ဆိုင်ကယ်ဝယ်ပြီး လက်ဆောင်ပေးချင်ခဲ့သည့်အတွက် အိမ်နီးချင်းနေအိမ်ထံမှ ခိုးယူခဲ့တာဖြစ်ပါတယ်။

ဆယ်ကျော်သက်အရွယ်သာရှိသေးသည့်ကောင်လေးဟာ အိမ်နီးချင်း၏ နေအိမ်ထဲထိဝင်ရောက်ကာ ရွှေဆွဲကြိုးနှစ်ကုံးနှင့် ငွေသားများစွာကိုလည်း ယူဆောင်ခဲ့တာဖြစ်ပါတယ်။ထို့နောက်တွင် ကောင်မလေးကို လက်ဆောင်ပေးဖို့ ဆိုင်ကယ်တစ်စီးအပြင် ကိုယ်တိုင်စီးရန်လည်းဝယ်ယူခဲ့သေးပြီး ကျန်ရှိနေသေးသည့် ပိုက်ဆံနှင့်ရွှေများကို နေအိမ်တွင် သိမ်းဆည်းထားခဲ့တာဖြစ်ပါတယ်။

ထို့နောက်တွင် ရဲတပ်ဖွဲများ၏ စုံစမ်းမှုကြောင့် အဖမ်းခံခဲ့ရတာလည်းဖြစ်ပါတယ်။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*