နေမကောင်းသည့် ဇနီးသည်လေးအတွက် လိုအပ်တာဝယ်ပေးရန်အပြင်သွားရာ ကားစီးသည့်အချိန်တွင် ခန္ဓာကိုယ်မှ ချွေးနံ့နံနေသဖြင့် အခြားခရီးသည်များ၏ မောင်းထုတ်ခြင်းကို ခံခဲ့ရသည့် အမျိုးသား

နေမကောင်းသည့် ဇနီးသည်လေးအတွက် လိုအပ်တာဝယ်ပေးရန်အပြင်သွားရာ ကားစီးသည့်အချိန်တွင် ခန္ဓာကိုယ်မှ ချွေးနံ့နံနေသဖြင့် အခြားခရီးသည်များ၏ မောင်းထုတ်ခြင်းကို ခံခဲ့ရသည့် အမျိုးသား

တစ်ခါတစ်လေတွင် လူသားများ၏ အချို့အဆင်မပြေနေမှုကို ခွဲခြားဆက်ဆံမှုသည် လူတစ်ဖက်သားအတွက် အားငယ်စရာဖြစ်သွားစေနိုင်သည်ဆိုတာကို မတွေးမိကျပေ။ယခုတွင်လည်း ဖိလစ်ပိုင်နိုင်ငံမှ အမျိုးသားတစ်ဦးသည် ဇနီးသည်နေမကောင်းသည့်အတွက် ဆေးရုံတက်ရောက်နေရကာ ပြုစုနေရသဖြင့် ၅ရက်မျှ ရေမချိုးနိုင်ဘဲရှိနေခဲ့သည်ဟု သိရသည်။

ထိုအချိန်တွင် ဇနီးသည်အတွက် လိုအပ်သော ပစ္စည်းအချို့နှင့် ဆေးဝါးတို့ကို ဝယ်ယူရန်အတွက် လိုင်းကားလေးကို စီးခဲ့တာဖြစ်ပါတယ်။အမျိုးသားဟာ ရေမချိုးရတာကြာနေသည့်အတွက် ချွေးနံ့အနည်းငယ်ထွက်နေခဲ့ခြင်းကြောင့် ကားပေါ်တွင် လိုက်ပါလာသော အခြားခရီးသည်များ၏ မောင်းထုတ်ခြင်းကို ခံခဲ့ရတယ်ဟု သိရပါတယ်။

လူတစ်ဦး၏အခက်အခဲအခြေအနေကို မသိဘဲ ပြစ်တင်ပြောဆိုနေခြင်းဟာ အလွန် ဝမ်းနည်ဖွယ် ကောင်းလှပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*