
နေမကောင်းဖြစ်ပြီး ကြမ်းပြင်ပေါ်အိပ်နေတဲ့အစ်ကိုဖြစ်သူအတွက် သူ့အိပ်ယာခင်းကို ဒရွတ်တိုက်ဆွဲလာပေးခဲ့တဲ့ ခွေးလေး
Spanky လို့ခေါ်တဲ့ခွေးလေး နဲ့ Roman လို့ခေါ်တဲ့ခွေးလေးနှစ်ကောင်ဟာ ညီအစ်ကိုတွေဖြစ်လာတဲ့အခါ Spankyလေးက အစ်ကိုဖြစ်တဲ့ Roman ကိုအမြဲ အရိပ်တကြည်ကြည်ရှိနေခဲ့ပါတယ်။
Roman သွားတဲ့နေရာတိုင်းကို Spanky ကအမြဲတစ်ကောက်ကောက်လိုက်နေတတ်ပါသေးတယ်။” Romanက ကျိန်းသေ Spankyရဲ့အလုံခြုံဆုံးစောင်တစ်ထည်လိုဘဲ”လို့ Jackie Rogers အမည်ရှိတဲ့သခင်ဖြစ်သူက ဆိုပါတယ်။ပြီးခဲ့တဲ့ ၂ ပတ်လောက်က Roman ရဲ့ နားကအနည်းငယ် ရောင်ရမ်းနေပြီး ရောဂါကူးစက်ခံရတာကြောင့် Rogers က တိရိစ္ဆာန်ဆေးကုဆရာဝန်ဆီသို့ ခေါ်သွားခဲ့ပြီ
း ခွဲစိတ်ကုသဖို့စီစဉ်ထားပေမဲ့ ခွဲစိတ်ဖို့စောင့်နေတုန်း Romanရဲ့နားကပိုဆိုးလာကာ သူ့အားပိုပိုပြီး မသက်မသာဖြစ်လာစေခဲ့ပါတယ်။ပထမတော့ Spanky က ၎င်းအဖြစ်ကို သတိမထားမိပေမဲ့ Roman ရဲ့နားကပိုဆိုးလာတော့ Spankyလေးက သတိထားမိသွားခဲ့ပြီး Roman အတွက် စိုးရိမ်လာခဲ့ပါတယ်။
“ Romanလေး ခွဲစိတ်ကုသနိုင်ဖို့ ဆေးရုံခေါ်သွားခဲ့ပေမဲ့ COVID ကြောင့် Roman နဲ့အတူ အထဲကိုလိုက် မဝင်နိုင်ခဲ့ဘူး ၊ ကျွန်မ နဲ့ Spankyက ကားထဲမှာထိုင်စောင့်နေခဲ့တာ မိနစ် ၂၀ လောက်ကြာလာတော့ Spanky က Roman ပြန်ရောက်တဲ့အထိ ညည်းနေခဲ့တယ်” လို့ Rogers က ပြောပြခဲ့ပါတယ်။
Rogers က Camera ကို ပြန်စစ်ဆေးကြည့်တော့ ကြမ်းပြင်ပေါ်အိပ်နေတဲ့ အစ်ကိုဖြစ်သူကို ကြည့်ပြီး စိုးရိမ်ပူပန်နေပုံရတဲ့ Spanky ရဲ့ချစ်စရာကောင်းတဲ့အမူအရာကို သတိထားမိသွားခဲ့ပါတယ်။Spanky ဟာ Roman ကိုကြည့်ပြီးနောက် သူ့အိပ်ရာခင်းကို Roman ဆီ ဒရွတ်တိုက်ဆွဲလာပေးခဲ့ပါတယ်။Spanky လေးက အရမ်းကိုစိတ်ပူနေခဲ့ပြီး သူ့အစ်ကိုကိုတတ်နိုင်သလောက်အဆင်ပြေစေချင်ခဲ့တာပါ။
Leave a Reply