နေပူပူ လမ်းမပေါ်တွင် ဟင်းသီးဟင်းရွက်ကိုင်ကာ ဖြတ်သွားသူများအား “ဝယ်သွားကြပါဦး” ဆိုပြီး လိုက်ရောင်းနေသော သနားစရာအဖွားအို

နေပူပူ လမ်းမပေါ်တွင် ဟင်းသီးဟင်းရွက်ကိုင်ကာ ဖြတ်သွားသူများအား “ဝယ်သွားကြပါဦး” ဆိုပြီး လိုက်ရောင်းနေသော သနားစရာအဖွားအို

လောကကြီးတွင် စားဝတ်နေရေးက အရေးကြီးဆုံးဖြစ်ပြီး မိမိအသက်ရှင်ဖို့ရာ အတွက်အခက်အခဲများကြား ကြိုးစားရုန်းကန်ရသည်မှာ အသက်ကြီး အသက်ငယ်ဆိုပြီး မရွေး ဝင်ငွေရရှိရန် အလုပ်လုပ်ကြရသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံ လမ်းမပေါ်တွင် ဆိုင်ကယ် ကားများကြား ဟင်းသီးဟင်းရွက် ဝယ်ယူရန် မျှော်လင့်ချက်ကြီးစွာနှင့် လိုက်အော်ရောင်းနေခဲ့သော အဖိုးအို တစ်ယောက်ဧ။် မြင်ကွင်းသည် အလွန်ရင်ထဲထိမိစရာ ကောင်းနေသည်။အဖိုးအိုသည် အိမ်ရှိ မြေးလေးများကို ကျွေးမွေးပြုစုရန် နေပူပူ လမ်းမပေါ်ထွက်ပြီး ပါလာသော ဟင်းသီးဟင်းရွက်များ ကုန်သွားဖို့ ကြိုးစားရောင်းနေရခြင်းဖြစ်သည်။

အဖိုးအိုသည် ဆိုင်ကယ်မရှောင် ကားမရှောင်နှင့် အပြေးလွှားသွားကာ ဝယ်ယူအားပေးရန် တောင်းဆိုခဲ့သော်လည်း မည်သူမျှ အဖက်မလုပ်ခဲ့၍ စိတ်ပျက်ပျက်နှင့် ထိုင်နားပစ်လိုက်သည်။ထိုအချိန်မှာပဲ ကံကောင်းစွာဖြင့် စိတ်ထားကောင်းသော ဒေသခံလူတစ်ယောက်မှ အဖိုးအိုအဖြစ်ကို ကြည့်ရင်း မနေနိုင်တော့၍ အိမ်သို့ အမြန်ပြန်နားစေရန် ဟင်းသီးဟင်းရွက်များအား ဗီယက်နမ်ငွေ VND ၅၀၀၀၀၀ ပေး၍ ဝယ်ခဲ့လိုက်သည်။

အဖိုးအိုမှာလည်း အလွန်ဝမ်းသာသွားပြီး မြေးလေးတွေအတွက် မုန့်များများဝယ်ကျွေးနိုင်ပြီဟု ဆိုကာ ကျေးဇူးတင်စကားဆိုခဲ့သည်။

Zawgyi






Be the first to comment

Leave a Reply

Your email address will not be published.


*