နေပူထဲမှာ 3D ဖန်သားပြင်အား ရပ်ပြီးကြည့်နေခဲ့တဲ့ကလေးအတွက် နေရိပ်ရဖို့ ဘေးကနေရပ်စောင့်ပေးနေခဲ့တဲ့ ရဲတစ်ဦး

နေပူထဲမှာ 3D ဖန်သားပြင်အား ရပ်ပြီးကြည့်နေခဲ့တဲ့ကလေးအတွက် နေရိပ်ရဖို့ ဘေးကနေရပ်စောင့်ပေးနေခဲ့တဲ့ ရဲတစ်ဦး

မလေးရှားနိုင်ငံ Pavilion shopping mall ရှိ ပြသထားတဲ့ 3D ရွှေနွားရုပ်ဟာ ဖြတ်သွားဖြတ်လာသူများစွာအား သွားရင်း ရုတ်တရက်ရပ်ကြည့်မိသွားစေနိုင်တဲ့အထိ ဆွဲဆောင်နေခဲ့ပါတယ်။၎င်း3D ရွှေနွားရုပ်ပြပွဲအား 15ft (အလျား) x 16ft (အနံ) ရှိဖန်သားပြင်မှာ ပြသထားပြီး ၎င်းဧရိယာအနီးတဝိုက်မှာ ကြည့်ရှုနိုင်ပါတယ်။

၎င်းပြပွဲအား စိတ်ဝင်စားသူတွေထဲမှာမှ ရွှေနွားရုပ်က သူ့အတွက် အရမ်းအံ့အားသင့်စရာကောင်းနေလို့ လူသွားလမ်းမှာရပ်ကြည့်နေမိတဲ့ကလေးတစ်ယောက်ပါ ပါရှိနေပါတယ်။သို့ပေမဲ့ မလေးရှားနိုင်ငံသားများအား ပူပြင်းလွန်းတဲ့ရာသီဥတုဒဏ်ကို မခံစားနိုင်တာကြောင့် နေရောင်ခြည်အောက်မှာ အကြာကြီး ရပ်ကြည့်မနေကြပါဘူး။ကျေးဇူးတင်စရာက လုံခြုံရေးရဲတစ်ဦးဟာ အဆိုပါကလေးအား နေပူဒဏ်မှကာကွယ်ပေးရန် ၎င်းနေရာမှာ ရှိနေပေးခဲ့ပါတယ်။

အဆိုပါရဲက ကလေးရဲ့အနားမှာရပ်ရင်း ကလေးကလည်း ပြသထားတဲ့ 3D ရွှေနွားရုပ်လေးကို ကြည့်နေတုန်းမှာ အရိပ်အနည်းငယ်ရလိုက်ရပါတယ်။၎င်းရဲရဲ့ ကိုယ်ကျိုးမငဲ့လုပ်ရပ်တဲ့ဓာတ်ပုံတွေကို Facebook စာမျက်နှာတစ်ခုမှာ မျှဝေခဲ့ကြပြီး အင်တာနက်အသုံးပြုသူတွေထံမှ အကောင်းမြင်မှုများစွာကို ရရှိခဲ့ပါတယ်။

သူတို့ထဲကအများစုဟာ အဆိုပါရဲကို ချီးကျူးပြောဆိုခဲ့ကြပြီး အဲဒီနေ့မှာ မလေးရှားလူမျိုးတွေဟာ သူတို့အချင်းချင်း တစ်ဦးကိုတစ်ဦး ကာကွယ်စောင့်ရှောက်သင့်တယ်လို့ ပြောဆိုနေခဲ့ကြပါတယ်။ဒါဟာ တကယ့်ကို လူသားဆန်တဲ့လုပ်ရပ်တစ်ခုပါဘဲ။အဆိုပါရဲရဲ့အပြုအမူဟာ အခြားသူများအတွက် လိုအပ်နေသူများအား ကိုယ်ကျိုးမငဲ့ဘဲ ကူညီတတ်ဖို့ လှုံ့ဆော်စေခဲ့ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*