နေကြာပန်းခင်း နဲ့ သဘာဝရှုခင်းကို နောက်ခံထားပြီး ဓာတ်ပုံရိုက်ဖို့အကောင်းဆုံးလို့သတ်မှတ်ခံရတဲ့ နေရာ

မလေးရှားနိုင်ငံ Bagan Datuk မြို့မှာရှိတဲ့ နေကြာပန်းခြံကြီးတစ်ခုကတော့ အတော်လေးကိုနာမည်ကြီးနေလျက်ရှိပါတယ် ။ခြံရဲ့ပိုင်ရှင်ဖြစ်သူ Khor Weng Kian ရဲ့ပြောပြချက်အရ တစ်ရက်ကိုနေကြာပန်းခြံသို့ ဓာတ်ပုံရိုက်ဖို့ ၊ ငါးတွေ နဲ့ ဘဲတွေကိုအစာကျွေးဖို့ လာရောက်လည်ပတ်သူပေါင်း နေ့စဉ်အယောက် 400 ခန့်ရှိကြောင်း သိရှိရပါတယ် ။

‘ ဒီလိုနေကြာပန်းခြံဖွင့်ဖို့ စိတ်ကူးရခဲ့တာက လမ်းဘေးမှာခရီးသွားတွေက နေကြာပန်းတွေနဲ့ ဓာတ်ပုံရိုက်နေတာကိုတွေ့ခဲ့လို့ ခရီးသွားတွေကိုဆွဲဆောင်နိုင်အောင် အခုလို Bagan Datuk မြို့လေးမှာ နေကြာပန်းခြံဖွင့်ဖို့ ဖြစ်လာခဲ့တာပါ ၊ အမှန်တကယ်တော့ ကြာစေ့တွေက ဈေးပေါပေမဲ့ နေကြာပန်းပင်ကိုပြုစုပျိုးထောင်ရတာက ကုန်ကျစရိတ်များပါတယ် ၊ ဘာလို့လည်းဆိုတော့ အင်ဆက်ပိုးတွေက အပင်တွေကိုဖျက်ဆီးကြလို့ပါပဲ ” ဆိုပြီး ခြံပိုင်ရှင်က ရှင်းပြခဲ့ပါတယ် ။

တစ်ကယ့်ကို ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံးနေရာတစ်ခုဆိုတာ ဓာတ်ပုံလေးတွေကိုကြည့်ရင် သိနိုင်ပါတယ်နော် ။

#4

#5

#6

#7

#8

#9

#10

#11

#12

 

Be the first to comment

Leave a Reply

Your email address will not be published.


*