နူးညံ့၊ တောက်ပြောင်လွန်းတဲ့ကိုယ်ထည်ကြောင့် ရွှေရောင်ဆေးဆိုးထားတာနဲ့တူနေတဲ့ ကမ္ဘာ့အလှဆုံး ရှားပါးမြင်းတစ်ကောင်
တောက်ပြောင်တဲ့ ရွှေရောင်ကုတ်အင်္ကျီကြီးကို ဝတ်ထားပုံပေါက်နေတဲ့ ရှားပါးလှပတဲ့မြင်းမျိုးကို မြင်ဖူးလားဗျာ။ အံ့ဩစရာမှာ၊ အခုပြသမဲ့မြင်းဟာ ရွှေရောင်ဆေးခြယ်ထားပုံပေါ်နေပါတယ်။ သို့ပေမဲ့ တကယ်တမ်းမှာ ၎င်းမြင်းဟာ တူရကီမှ ဆင်းသက်လာတဲ့ တကယ့်သက်ရှိသတ္တဝါတစ်ကောင်ဘဲဖြစ်ပါတယ်။
၎င်းမြင်းဟာ Turkmenistan မှ ပေါက်ဖွားလာသော မြင်းမျိုးစိတ် Akhal Teke အမျိုးအစားဖြစ်ပြီး တူရကီနိုင်ငံ၏ အမျိုးသားသင်္ကေတလည်း ဖြစ်ပါတယ်။ မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်တဲ့ ဒီမျိုးစိတ်ဟာ ရှေးခေတ်ကာလကတည်းက နေထိုင်လာခဲ့ကြတဲ့ ကမ္ဘာပေါ်မှာ အသက်အကြီးဆုံးမြင်းတွေထဲမှာ ပါဝင်ပါတယ်။ လက်ရှိမှာ ကမ္ဘာတစ်ဝှမ်းရှိ Akhal Teke မြင်းကောင်ရေ 6600 ခန့်ရှိပြီး အများစုမှာ တူရကီ၊ ရုရှား၊ ဥရောပနှင့် မြောက်အမေရိကတို့မှ ဖြစ်ပါတယ်။
ဤမြင်းဟာ နေရောင်အောက်မှာ လှပပြီး တောက်ပနေတဲ့ နူးညံ့တဲ့ ရွှေခြုံလွှာအင်္ကျီ ကဲ့သို့ ကိုယ်ထည်ရှိနေတာကြောင့် ၎င်းအား ရွှေမြင်းဟု အမည်တွင်ထားကြပါတယ်။ ထို့ပြင် ဤမြင်းမျိုးစိတ်ဟာ မြန်ဆန်တဲ့အရှိန်၊ ခံနိုင်ရည်နှင့် စွမ်းရည်တို့ရှိတာကြောင့် တူရကီက ရုရှားအင်ပါယာကို ဆန့်ကျင်ခဲ့စဉ်အခါက ဤမြင်းများကို စစ်မြင်းအဖြစ် အသုံးပြုခဲ့ကြပါတယ်။
‘ ရွှေမြင်း’ နှင့်ပတ်သက်သော ရယ်မောစရာအချက်တွေကတော့ ဤမျိုးစိတ်များဟာ မျိုးတုံးပျောက်ကွယ်လုနီးပါးမျိုးစိတ်များဖြစ်ပြီး ယခုအခါ ကမ္ဘာပေါ်မှာ အကောင်ပေါင်း ထောင်ချီခန့်သာ ကျန်ရှိတော့တာကြောင့် တရုတ်လူမျိုးများက အဆိုပါမြင်းမျိုးစိတ်အား ‘ကောင်းကင်ကမြင်းများ’ ဟုခေါ်ဆိုကြပါတယ်။
ဤမြင်းများရဲ့ခြေဖဝါးစည်းချက်ဟာ အခြားမြင်းများနှင့်မတူတာကြောင့် ဤမျိုးစိတ်အား အမေရိကသို့ ယူဆောင်လာခဲ့ကြတဲ့ သုတေသီများက ဤကိစ္စကို လေ့လာနေကြဆဲဖြစ်ပါတယ်။
‘International Association of Akhal-Teke Breeding’ ၏အဆိုအရ ၎င်း၏ ခန္ဓာကိုယ်ရဲ့ တောက်ပြောင်တဲ့ တောက်ပမှု အကြောင်းရင်းမှာ ၎င်းတို့ရဲ့ပျော့ပျောင်းပြီး အလင်းတန်းများကို ပြန်လှန်ပစ်သည့် အလင်းပြင်းအားအဖြစ် လုပ်ဆောင်သည့် ၎င်းတို့ အမွှေးများရဲ့အသွင်အပြင်ကြောင့် ဖြစ်ကြောင်း သိရပါတယ်။
ဤမြင်းများဟာ ရေနှင့် စားနပ်ရိက္ခာ အကန့်အသတ်ရှိတဲ့ခေတ်၌ နေထိုင်လာခဲ့ကြတာကြောင့် ဆာလောင်မွတ်သိပ်ခြင်းတို့ကို အလွယ်တကူ မခံစားရပါဘူး။၁၉၃၅ ခုနှစ်ရှိ အစီရင်ခံတင်ပြချက်အရ ထိုစဉ်က မြင်းစီးသူရဲတစ်စုဟာ ၈၄ ရက်အတွင်း ကီလိုမီတာ ၁၆၀၀၀ မြင်းစီးခဲ့ကြပြီး ၎င်းခရီးစဉ်မှာ ရေမပါဘဲ ကီလိုမီတာ 1,500 အထိ သဲကန္တာရကို ဖြတ်ကျော်ခဲ့ရသည့် သုံးရက်တာခရီးလည်းပါဝင်ခဲ့ကြောင်းလည်း သိရှိရပါတယ်။
Zawgyi

Leave a Reply