နုပျိုလွန်းတဲ့ရုပ်ရည်အသွင်အပြင်ကြောင့် သားဖြစ်သူရဲ့ဇနီးလို့တောင် အထင်မှားသွားစေခဲ့တဲ့ ၅၃နှစ်အရွယ် အမျိုးသမီး

အင်ဒိုနီးရှားအမျိုးသမီးတစ်ဦးဟာ မကြာသေးခင်က ခင်ပွန်းသည်နဲ့သူမရဲ့ဓာတ်ပုံကြောင့် social media မှာ လူသိများသွားခဲ့ပြီး သူမရဲ့အသွင်အပြင်က ဇနီးထက် သမီးနဲ့ပိုတူနေတဲ့အတွက် လူအများကို တအံ့တဩဖြစ်စေခဲ့ပါတယ်။

Jakartaမြို့မှာနေထိုင်ပြီး influencerတစ်ဦးလည်းဖြစ်တဲ့ Puspa Dewiအမည်ရှိအဆိုပါအမျိုးသမီးဟာ တစ်ကယ်တမ်း အသက် ၅၃နှစ်အရွယ်ဆိုပေမယ့် အသက်၂၀ကျော်အမျိုးသမီးတစ်ဦးလိုဖြစ်နေပါတယ်။အဲ့လိုဖြစ်ရခြင်းအားလုံးက သူမရဲ့တက်ကြွတဲ့နေထိုင်မှုပုံစံနဲ့ ကျန်းမာရေးလုပ်ထုံးလုပ်စဉ်တွေကြောင့်ပါ။

 

သူမမှာ သားနှစ်ယောက်ရှိသလို မြေးတစ်ယောက်လည်းရှိပြီဖြစ်ပြီး အသက်၅၆နှစ်အရွယ်ခင်ပွန်းနဲ့ လက်ထပ်ခဲ့တာ ၂၆နှစ်တောင်ရှိနေပါပြီ။

သူမတင်ထားတဲ့ဓာတ်ပုံနှစ်ပုံမှာ လွန်ခဲ့တဲ့ ၂၇နှစ်တုန်းက သူတို့ဒိတ်လုပ်ခဲ့တဲ့ပုံ နဲ့ နောက်တစ်ပုံက အဖိုးအဖွားဖြစ်သွားတဲ့စုံတွဲပုံတွေပါ။Puspaဟာ ၂၄နှစ်အရွယ်သားဖြစ်သူနဲ့ဓာတ်ပုံတွဲရိုက်တဲ့အခါတိုင်း ငယ်ရွယ်နုပျိုလွန်းတဲ့သူမရုပ်ရည်ကြောင့် စုံတွဲတွေလိုတောင် အထင်မှားစေပါတယ်။

 

Puspaက ငယ်ရွယ်နုပျိုဖို့ ပုံမှန်လေ့ကျင့်ခန်း လုပ်ရင်း ကျန်းမာတဲ့အစားအသောက်နဲ့ စိတ်ကိုပျော်ရွှင်အောင် အမြဲထားတာပါတဲ့။သူမဟာ အထက်တန်းအရွယ်ကတည်းက အခုလက်ရှိအထိ ဆယ်စုနှစ်များစွာ အားကစားမှာ စိတ်အားထက်သန်နေခဲ့ပါတယ်။

 

Puspaဟာ Zumba အကမှာ တက်ကြွစွာပါဝင်တတ်သလို တစ်ခြား အေရိုးဗစ်၊အပြေး နဲ့ ဘတ်စကတ်ဘော စတဲ့ကျန်းမာရေးအားကစားတွေကိုလည်း စိတ်ဝင်စားပါတယ်တဲ့။တစ်ခါတစ်လေ သူမရဲ့အားကစားဗီဒီယိုတွေကို Tik Tok မှာလည်း ဝေမျှပေးတတ်ပါသေးတယ်။Puspaအတွက်တော့ အသက်ကလုံးဝကိန်းဂဏာန်းတစ်ခုပါဘဲ။

 

အကယ်လို့ ခင်ဗျားတို့လည်း ပိုမိုကျန်းမာသန်စွမ်းတဲ့ဘဝပုံစံအသစ်ကို စတင်ကျင့်သုံးချင်နေရင်တော့ Puspaရဲ့အရာအလုံးစုံအောင်မြင်မှုတွေကို ကြည့်ရင်း inspireယူလိုက်ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*