
နိုင်ငံရှိပြည်သူများအားလုံးကို ကူညီစောင့်ရှာက်နိုင်လိုသော စေတနာဖြင့် အသက်၇၀အရွယ်ထိ ပင်စင်မယူဘဲ သူနာပြုအလုပ်ကို ဆတ်လတ်လုပ်ကိုင်နေသည့် အမျိုးသမီး
လူသားအားလုံးတို့သည် ဘဝတစ်လျှောက်လုံးကို အဆင်ပြေစွာ နေထိုင်နိုင်ရန်အတွက် အလုပ်မျိုးစုံကို လုပ်ကိုင်လျက်ရှိပေသည်။
လူတိုင်းသည် အလုပ်ကိုယ်စီရှိကြပြီး အချို့သည် ဘဝ၏ကံတရားကြောင့် ကျရာနေရာတွင် အကောင်းဆုံးကြိုးစားကာ လုပ်ကိုင်နေရပြီး အချို့သည်လည်း ဝါသနာကို ဆောင်ရွက်လိုသော နေရာတွင် ပျော်ရွင်စွာဖြင့် လုပ်ကိုင်ကြရပါသည်။
အလုပ်တစ်ခုတွင် ဝါသနာမပါသော်လည်း အလုပ်ကြောင့်ပင် နေသားကျပြီး ပျော်ရွှင်လာသူလည်း အများအပြားရှိပေသည်။
ယခုတွင်တော့ ထိုင်းနိုင်ငံမှ အသက်၇၀အရွယ်အထိရှိလာပြီဖြစ်သော အမျိုးသမီးသည် သူမ နှစ်သက်မြတ်နိုးသော သူနာပြုအလုပ်ကို မစွန့်လွတ်နိုင်ပဲရှိနေခဲ့သည်။
သူနာပြုအဖွားသည် အသက်အရွယ်ကြောင့် ပင်စင်ယူရမည့် အရွယ်ရှိနေပြီ ဖြစ်သော်လည်း ပြည်သူများကိုလည်း ကျန်းမာရေးစောင့်ရှောက်မှု ပေးချင်ပြီး အလုပ်ကိုလည်း ချစ်မြတ်နိုးသောကြောင့် လုပ်ကိုင်လျက်ရှိပေသည်။
Leave a Reply